fbpx

ရေနွေးပူနဲ့ လောင်းချခဲ့တဲ့ စမ်းချောင်းကအမျိုးသမီး(၅)ဦး ပြန်လွတ်ပြီ

ရန်ကုန်၊အောက်တိုဘာ(၁၉)

စကစတပ်ဖွဲ့ ဝင်တွေကို နေအိမ်အပေါ်ထပ်ကနေ ရေနေးပူနဲ့ လောင်းချခဲ့တဲ့ စမ်းချောင်းမြိုနယ် အမျိုးသမီး(၅)ဦး ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို အဲ့ဒီအမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသက်နောင် ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ဆန္ဒပြပွဲတွေကို နှိမ်နှင်းနေတဲ့ စစ်ကောင်စီအဖွဲကို နေအိမ်တိုက်ခန်းပေါ်ကနေ ရေနွေးပူနဲ့ လောင်းချခဲ့တာကြောင့် စစ်ကောင်စီအဖွဲကဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

မအိအိအောင်၊ မခင်နှင်းဦး၊ မယုယုဝင်း၊ မဒေလီအောင်နဲ့ မစန္ဒာမိုးတိုဟာ အင်းစိန်ထောင်၊အမျိုးသမီးအချုပ်ဆောင် (၃)မှာ (၇) လနီးပါး ချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး ဒီနေ့စကစက အမှုရုတ်သိမ်း ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

(Zawgyi Version)


