fbpx

ဘယ်သူကမင်းတို့တောခိုခိုင်းလို့လဲ” ဆိုတဲ့စကားက ရင်ဘတ်ထဲအနာဆုံးပဲဆိုတဲ့ အမွေပြတ်စွန့်လွှတ်ခံထားရတဲ့ PDF ကလေးရဲ့ ခံစားချက်

ဘယ်သူကမင်းတို့ တောခိုခိုင်းလို့လဲ ဆိုတဲ့စကားကရင်ဘတ်ထဲအနာဆုံးပဲ ဘယ်သူမှတော မခိုခိုင်းပါဘူး။ပြည်သူအားလုံး

ဒီမတရားမှုကလွတ်မြောက်ဖို့ကိုယ် တိုင်တာဝန်သိစိတ်၊ခံယူချက်အပြည့်နဲ့အားလုံး စွန့်လွှတ်ပြီး တောခိုခဲ့တာပါ

ပုံတွေတင်ကြတယ် ဘုရားတွေသွားကြလာကြတယ်။သူများပျော်နေတာမြင်ရင်ကျွန်တော်တို့လဲ ပျော်ချင်ပါတယ်။

လူစုလူဝေးစည်ကားရာနေရာများမှာ မသမာသူများက PDFအသွင်ယူပြီးဖောက်ခွဲသွားရင် ပြည်သူ့အသက်များ စိုးရိမ်မိလို့ပါ

အပစ်မရှိတဲ့ပြည်သူတွေ ထပ်မဆုံးရှုံးစေချင်တော့ဘူး။သီတင်းကျွတ်လပြည့်နေ့လေးမှာ ချစ်ရတဲ့မိဘနှစ်ပါးအမွေပြတ်စွန့်လွတ်ထားသူ

အပါအဝင် ဆရာ၊ဆရာမများနှင့် ဓမ္မဘက်မှရပ်တည်ပေးသောမိမိထက်စက္ကန့်ပိုင်းမှစ၍ ကြီးသောသူအားလုံးကိုရိုသေလေးစား

၊ဦးထိပ်ထား၍ ကျွန်တော် တောထဲတစ်နေရာကဆီမီး ပူဇော် ကန်တော့လိုက်ပါတယ်

ကာယကံ၊ဝဇီကံ၊မနောကံ တပါးပါးသောကံနှင့်ပစ်မှားကျူးလွန်မိခဲ့သော် ထိုအပစ်တို့မှခွင့်လွှတ်ပေးပါ။

ကန်တော့‌နေတဲ့ပိုစ့်တွေတက်လာရင်ပိုဝမ်းနည်းရတယ် ဘာလိုလဲ သိလားအမွေပြတ်စွန့်ထားတဲ့ကျွန်တော့်အမေလဲ

သူ့သားလာကန်တော့မယ့်အချိန်မုန့်ဖိုးပေးဖို့ 1000 တန်အနွမ်းလေးကိုင်ပြီး မျှော်ချင် မျှော်နေမှာပဲလို့ထင်မိတယ်

မျက်ရည်မကျဖို့ကို ထိန်းထားကြည့်သေးတယ်။ဒါပေမယ့်မရဘူး ကျသွားတယ်။ပျော်စရာမဟုတ်ပဲ

ပျော်နေကြတဲ့နေ့ရက်တွေရောက်တိုင်းကျွန်တော်တို့တို့မျက်ရည်တွေ ဆက်ကျနေအုံးမှာပဲ

credit

(Unicode Version)