fbpx

မျက်လုံးကျန်းမာရေးသိကောင်းစရာ

သင်ဟာ Mobile, PC ပလက်ဖောင်း မျိုးစုံက နောက်ဆုံးပေါ်ဂိမ်း ကို မလွတ်တန်းဆော့တဲ့ Gamer တစ်ယောက် ဒါမှ မဟုတ်လည်း အလုပ်နဲ့ အကိုင်နဲ့ computer အသုံးများတဲ့လူ ! somebuddy တစ်ယောက်ယောက်ပေါ့။

သင်က Mobile_Phone, Computer စတဲ့ IT Devices တွေကို အချိန်တိုင်းလို သုံးစွဲသူတွေထဲ က တစ်ယောက်ဆိုရင် မျက်လုံးကျန်းမာရေးဟာ အထူးဂရုပြုစဉ်းစားရမဲ့ အချက်တစ်ခုဖြစ်ပါတယ်။ Side effect တွေပေါ့။
ဥပမာ – မအိပ်မချင်း phoneသုံးတယ်။ ပီးတော့ အိပ်တယ်ပေါ့။ အိပ်ပျော်အောင်အိပ်တယ်။ ဒါပေမယ့် ချက်ချင်း အိပ်မပျော်တာမျိုး။ အိပ်ဖို့ အချိန် ပိုယူရတာမျိုး။ ခေါင်းအုံးအောက်မှာ phone ထားအိပ်တာကြာရင် ဦးနှောက် မှတ်သားမူ မှတ်ညဏ် စနစ်ကို အကျိုး သက်ရောက်မူ ရှိခြင်း စသဖြင့် side effects တွေကြားထဲက မဖြစ်မနေ သုံးစွဲ ရမယ့် အချိန်တွေမှာ မျက်လုံးကျန်းမာရေးကို ဘယ်လို ဂရုစိုက်မလဲကိုစာဖတ်သူတို့၏ ကျန်းမာရေး အလိုငှာ “ဆောင်ရန်।ရှောင်ရန် “လေးဝေမျှပေးချင်ပါတယ်ရှင့်။ ကဲ!! ဟုတ်ပြီ။ Mobile phone နဲ့ ကွန်ပျူတာကို အသုံးပြု ရတဲ့သူ အများစုဟာ မျက်စိ ပင်ပန်း ညောင်းညာတာ၊ မျက်ကွင်းညိုတာနဲ့ ခေါင်းကိုက်တာတွေကို မကြာခဏ ခံစားရတတ်ပါတယ်။

ကွန်ပျူတာရှေ့မှာ။ နာရီအနည်းငယ် ထိုင်ပြီး နောက်မှာတောင် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ နဲ့ အမြင်အာရုံဆိုင်ရာ မှာ မသက်မသာ ခံစားရတတ်ပါတယ်။ သုတေသနတွေအရ Mobile phoneနဲ့ကွန်ပျူတာအသုံးပြုသူ အများစုဟာ ကွန်ပျူတာသို့ဖုန်းကို(၂)နာရီ ဒါမှမဟုတ် ဒီထက်ပိုကြာအောင် သုံးပြီးနောက်မှာ မျက်စိကြွက်သားတွေ ညောင်းညာဖိစီးတာကို စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ မရပ်ဘဲ (ဖုန်း)နှင့်ကွန်ပျူတာကို ဆက်သုံးနေမယ်ဆိုရင် မသက်မသာဖြစ်တာက ခေါင်းအထိ ရောက်သွားပြီး ခေါင်းကိုက်တာ၊ မျက်စိပူလာတာ၊ အမြင်ဝါးလာတာ၊ အမြင်ထပ်ဖြစ်တာ၊ လည်ပင်းနဲ့ ပခုံးနာကျင် တောင့်တင်းတာတွေကို ခံစားလာရပါတော့တယ်။ ဒါကြောင့် ဖုန်း(သို့မဟုတ်)ကွန်ပျူတာသုံးနေရင်း မျက်စိညောင်းလာတဲ့ အချိန်မှာ အရမ်းနောက်မကျခင် မျက်စိကို ဖြေလျှော့ အနားပေးလိုက်မှသာ တစ်နေ့လုံးခေါင်းကိုက်ပြီး နေမကောင်းဖြစ်နေတာမျိုး မဖြစ်ဘဲ ပြန်လည်လန်းဆန်း ကျန်းမာလာမှာပါ။
ဒီလိုဝေသနာတွေမခံစားရအောင်ဘယ်လိုနေထိုင်သင့်သလဲဆိုရင်
– ဖုန်း(သို့မဟုတ်)ကွန်ပျူတာစကရင်နဲ့ ပတ်ဝန်းကျင်ကအလင်းကိုလည်း ချိန်ညှိပါ။ နောက်ခံဘက်ဂရောင်းအားဖုန်းနှင့်ကွန်ပျူတာစကရင်ရဲ့ကြားထဲက ခြားနားမှုက များသင့်ပါတယ်။

– အလင်းရောင်ရဲ့ စူးရှတောက်ပမှုကို လျှော့ချပါ။ နေရောင်စူးရှလွန်းရင် ပြတင်းပေါက်ခန်းဆီး လိုက်ကာတွေ တပ်ပါ။ ဒါမှမဟုတ် အလင်းပြန်မှုကို လျှော့ချဖို့ စကရင်အကာတပ်ပါ။

– ဖုန်း(သို့မဟုတ်)ကွန်ပျူတာကို ဆက်တိုက်မကြည့်ဘဲ မကြာခဏနားပါ။ ဖုန်း(သို့မဟုတ်)ကွန်ပျူတာကို အချိန်ပြည့် သုံးနေသူတွေအနေနဲ့ တစ်နာရီကြာတိုင်း ၁၀ မိနစ်နားသင့်ပါတယ်။

– မကြာခဏ မျက်တောင်ခတ်ပါ။ အချိန်ကြာကြာမျက်တောင်မခတ်ဘဲနေရင် မျက်စိထဲက မျက်ရည်ဟာ မြန်မြန်အငွေ့ပြန်သွားပြီး မျက်စိခြောက်သွေ့တတ်ပါတယ်။

– ဖုန်း(သို့မဟုတ်)ကွန်ပျူတာသုံးပြီး ၁၅ မိနစ်ခန့်ကြာတိုင်း ကွန်ပျူတာစကရင်မှ အကြည့်လွှဲကာ အဝေးမှ အရာတစ်ခုကို ၅-၁၀ စက္ကန့်ခန့်ကြာအောင် ကြည့်ပါ။ ပြီးမှ ဖုန်း(သို့မဟုတ်)ကွန်ပြူတာကို ပြန်ကြည့်ပါ။

– ထိုင်နေစဉ်မှာတောင် ခန္ဓာကိုယ်ကို
မကြာခဏ လှုပ်ရှားပေးပါ။
ဆက်တိုက်အကြာကြီးငြိမ်ကာ ဖုန်း(သို့မဟုတ်)ကွန်ပျူတာကို ကြည့်နေခြင်းဟာ ခန္ဓာကိုယ်ကို ညောင်းညာပင်ပန်းစေပါတယ်။

– အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ရင် မျက်စိညောင်းကိုက်တာကို ပိုဆိုးစေပါတယ်။