EV-Charging နည်းပညာကို အသုံးပြုပြီး အဝေးပြေးလမ်းမကြီးမှာ လျှပ်စစ်Expressကားတွေနဲ့ပြေးဆွဲပေးသွားမှာဖြစ်ပြီး အဆိုပါ လျှပ်စစ်ကားတွေဟာမောင်းနေရင်းအားပြန်သွင်းနိုင်မှာဖြစ်ပါတယ်။
အစ္စရေးကုမ္ပဏီ ElectReon Wireless ဟာ အီတလီနိုင်ငံရှိ Milan နှင့် Brescia အကြား ၀.၆ မိုင်အရှည် (၁ ကီလိုမီတာ) ကျယ်သောလျှပ်စစ်ယာဉ်အားသွင်းသည့်အဝေးပြေးလမ်းမကြီးကို တည်ဆောက်ထားပြီး မကြာခင် ရက်ပိုင်း အတွင်း စမ်းသပ်ပြေးဆွဲတော့မယ်လို့ Innovation Originsရဲ ရီပို့မှာ ဖော်ပြထားပါတယ်။
လျှပ်စစ်မော်တော်ယာဉ်တွေ လမ်းပေါ်မှာ စွမ်းအင် အကန့်သတ်မဲ့ သွားလာနိုင်ရန် အားသွင်းနိုင်တဲ့ လမ်း များအဖြစ် စမ်းသပ်မှုဟာ အီတလီမှာ ပထမဆုံး အကြိမ် မဟုတ်သော်လည်း အဝေးပြေးလမ်းမကြီးစမ်းသပ်ချက်မှာ အသုံးပြုထားတဲ့ နည်းပညာတွေဟာ နောက်ဆုံးပေါ် တွေပါ။
စမ်းသပ်ချက်များ အတွင်း လျှပ်စစ်သံလိုက်များ တပ်ဆပ်ထားတဲ့ လျှပ်စစ်ကား(EVs)များရဲ့ ဘထ္ထရီကို လမ်းဘေးရှိကြေးနီကွိုင်များ မှ တစ်ဆင့်အဝေးပြေး လမ်းမ ပေါ်သို့ ဆက်သွယ်ကာ အားသွင်းလျှပ်စစ် စီးစေမှာဖြစ်ပါတယ်။သို့သော် လျှပ်စစ်ကား အမြောက် အများ ထုတ် လုပ်ရန် နှင့် သုံးစွဲရန် အတွက် အဓိက စိန်ခေါ်မှုမှာ လျှပ်စစ်ကား(EVs)များအတွက် ကမ္ဘာတစ်ဝှမ်းရှိ အားသွင်းရန် အခြေခံအဆောက်အအုံများ ဖြန့်ကျက်နိုင်ခြင်းပေါ်မူတည်နေပါတယ်။ ပြောင်းလဲနိုင်တဲ့ ဝါယာလက်လျှပ်ကူး(Dynamic Wireless Power Transfer)နည်းပညာဖြင့် စိုးရိမ်ပူပန်မှုများကင်းမဲ့သောကမ္ဘာကြီးကို ေဖာ်ဆောင်သွားမည် ဖြစ်ကြောင်း ElectReon Wireless ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားပါတယ်။အဆိုပါ နည်းပညာကို အသုံးပြုရျ် နေရာ အနှံ့ အားသွင်းနိုင်တဲ့ နေရာများ ဖြန့်ကျက်ရန် အတွက် လျှပ်စီး ကြောင်းများအား လမ်းများ အတွင်းမြုပ်နှံကာအားသွင်းတဲ့ ဒီဇိုင်းဆွဲ ထားကြောင်း သိရပါတယ်။အာ့တာကြောင့် သီးသန့် အားသွင်းဖို့ ကားရပ် စရာ မလိုဘဲ နာရီ ဝက်တစ်ခါ လမ်းမ ပေါ်တွင် မောင်းရင်းအားသွင်းရုံ နဲ့ လျှစ်စစ်အားပမာဏ လိုအပ်မှု ကို အလွန်အမင်း လျော့ချနိုင်ရန် ရည်ရွယ်ထားပါတယ်။
ElectReonကုမ္ပဏီရဲ့ မှတ်တမ်းများ အရ ယခင် စမ်းသပ်မှု များတွင် ပုံမှန် လျှပ်စစ်စီးကူးနှုန်း ၇၀ kWသာ အားသွင်းနိုင်ခဲ့သော်လည်း အီတလီ EV-Charging စနစ် သုံးသည့်အဝေးပြေးလမ်းမကြီး တွင် မူ လျှပ်စစ်မော်တော်ယာဉ်များ၏ကိုယ်ထည်တွင် receiver တစ်ခုတပ်ရျ် မောင်းနှင် အားသွင်းစေခဲ့ရာ ကတ္တရာအောက်တွင်ကြေးနီကွိုင်များ ကြား လျှပ်ကူးမှု နှုန်း ပိုကောင်းကာ အားသိုလောင်မှု နှုန်း ပို မို တိုးတတ်လာခဲ့ကြောင်း ဆိုပါတယ်။အီတလီ မှာ ကမ္ဘာ့ပထမ ဦး ဆုံး EV-Charging အဝေးပြေးလမ်းမကြီး စတင်နိုင်ရေး အတွက် ElectReonကုမ္ပဏီရဲ့ အီတလီလုပ်ဖော်ကိုင်ဖက်ဆယ် ဦး နှင့်အတူ Brebemi,လမ်းနှင့်လမ်းခွန်ကောက်ခံသည့်ကုမ္ပဏီများ,လျှပ်စစ်ဓာတ်အားသွင်းသည့်နည်းပညာ ကုမ္ပဏီများ ပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Zawgyi
EV-Charging နည္းပညာကို အသုံးျပဳၿပီး အေဝးေျပးလမ္းမႀကီးမွာ လွ်ပ္စစ္Expressကားေတြနဲ႔ေျပးဆြဲေပးသြားမွာျဖစ္ၿပီး အဆိုပါ လွ်ပ္စစ္ကားေတြဟာေမာင္းေနရင္းအားျပန္သြင္းႏိုင္မွာျဖစ္ပါတယ္။
အစၥေရးကုမၸဏီ ElectReon Wireless ဟာ အီတလီႏိုင္ငံရွိ Milan ႏွင့္ Brescia အၾကား ၀.၆ မိုင္အရွည္ (၁ ကီလိုမီတာ) က်ယ္ေသာလွ်ပ္စစ္ယာဥ္အားသြင္းသည့္အေဝးေျပးလမ္းမႀကီးကို တည္ေဆာက္ထားၿပီး မၾကာခင္ ရက္ပိုင္း အတြင္း စမ္းသပ္ေျပးဆြဲေတာ့မယ္လို႔ Innovation Originsရဲ ရီပို႔မွာ ေဖာ္ျပထားပါတယ္။
လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ေတြ လမ္းေပၚမွာ စြမ္းအင္ အကန႔္သတ္မဲ့ သြားလာႏိုင္ရန္ အားသြင္းႏိုင္တဲ့ လမ္း မ်ားအျဖစ္ စမ္းသပ္မႈဟာ အီတလီမွာ ပထမဆုံး အႀကိမ္ မဟုတ္ေသာ္လည္း အေဝးေျပးလမ္းမႀကီးစမ္းသပ္ခ်က္မွာ အသုံးျပဳထားတဲ့ နည္းပညာေတြဟာ ေနာက္ဆုံးေပၚ ေတြပါ။
စမ္းသပ္ခ်က္မ်ား အတြင္း လွ်ပ္စစ္သံလိုက္မ်ား တပ္ဆပ္ထားတဲ့ လွ်ပ္စစ္ကား(EVs)မ်ားရဲ႕ ဘထၳရီကို လမ္းေဘးရွိေၾကးနီကြိဳင္မ်ား မွ တစ္ဆင့္အေဝးေျပး လမ္းမ ေပၚသို႔ ဆက္သြယ္ကာ အားသြင္းလွ်ပ္စစ္ စီးေစမွာျဖစ္ပါတယ္။သို႔ေသာ္ လွ်ပ္စစ္ကား အေျမာက္ အမ်ား ထုတ္ လုပ္ရန္ ႏွင့္ သုံးစြဲရန္ အတြက္ အဓိက စိန္ေခၚမႈမွာ လွ်ပ္စစ္ကား(EVs)မ်ားအတြက္ ကမာၻတစ္ဝွမ္းရွိ အားသြင္းရန္ အေျခခံအေဆာက္အအုံမ်ား ျဖန႔္က်က္ႏိုင္ျခင္းေပၚမူတည္ေနပါတယ္။ ေျပာင္းလဲႏိုင္တဲ့ ဝါယာလက္လွ်ပ္ကူး(Dynamic Wireless Power Transfer)နည္းပညာျဖင့္ စိုးရိမ္ပူပန္မႈမ်ားကင္းမဲ့ေသာကမာၻႀကီးကို ေဖာ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ElectReon Wireless ကုမၸဏီ၏ ၀က္ဘ္ဆိုက္တြင္ေဖာ္ျပထားပါတယ္။အဆိုပါ နည္းပညာကို အသုံးျပဳရ်္ ေနရာ အႏွံ႔ အားသြင္းႏိုင္တဲ့ ေနရာမ်ား ျဖန႔္က်က္ရန္ အတြက္ လွ်ပ္စီး ေၾကာင္းမ်ားအား လမ္းမ်ား အတြင္းျမဳပ္ႏွံကာအားသြင္းတဲ့ ဒီဇိုင္းဆြဲ ထားေၾကာင္း သိရပါတယ္။အာ့တာေၾကာင့္ သီးသန႔္ အားသြင္းဖို႔ ကားရပ္ စရာ မလိုဘဲ နာရီ ဝက္တစ္ခါ လမ္းမ ေပၚတြင္ ေမာင္းရင္းအားသြင္း႐ုံ နဲ႔ လွ်စ္စစ္အားပမာဏ လိုအပ္မႈ ကို အလြန္အမင္း ေလ်ာ့ခ်ႏိုင္ရန္ ရည္႐ြယ္ထားပါတယ္။
ElectReonကုမၸဏီရဲ႕ မွတ္တမ္းမ်ား အရ ယခင္ စမ္းသပ္မႈ မ်ားတြင္ ပုံမွန္ လွ်ပ္စစ္စီးကူးႏႈန္း ၇၀ kWသာ အားသြင္းႏိုင္ခဲ့ေသာ္လည္း အီတလီ EV-Charging စနစ္ သုံးသည့္အေဝးေျပးလမ္းမႀကီး တြင္ မူ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္မ်ား၏ကိုယ္ထည္တြင္ receiver တစ္ခုတပ္ရ်္ ေမာင္းႏွင္ အားသြင္းေစခဲ့ရာ ကတၱရာေအာက္တြင္ေၾကးနီကြိဳင္မ်ား ၾကား လွ်ပ္ကူးမႈ ႏႈန္း ပိုေကာင္းကာ အားသိုေလာင္မႈ ႏႈန္း ပို မို တိုးတတ္လာခဲ့ေၾကာင္း ဆိုပါတယ္။အီတလီ မွာ ကမာၻ႔ပထမ ဦး ဆုံး EV-Charging အေဝးေျပးလမ္းမႀကီး စတင္ႏိုင္ေရး အတြက္ ElectReonကုမၸဏီရဲ႕ အီတလီလုပ္ေဖာ္ကိုင္ဖက္ဆယ္ ဦး ႏွင့္အတူ Brebemi,လမ္းႏွင့္လမ္းခြန္ေကာက္ခံသည့္ကုမၸဏီမ်ား,လွ်ပ္စစ္ဓာတ္အားသြင္းသည့္နည္းပညာ ကုမၸဏီမ်ား ပါဝင္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။