fbpx

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာရတဲ့အပေါ် Elon Musk ရဲ့တုံ့ပြန်မှု

Tesla Inc. နှင့် SpaceX နောက်ကွယ်မှ ပွင့်လင်းသောစီးပွားရေးစွန့်ဦး တီထွင်သူ Elon Musk ဟာ ယခုအခါ ကမ္ဘာပေါ်တွင်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

ကြာသပတေးနေ့က Elon Musk ရဲ့လျှပ်စစ်ကားထုတ်လုပ်တဲ့ ရှယ်ယာဈေးတွင် ၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းကြောင့် Bloomberg Billionaires မှ Elon Musk ဟာကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀၀ တွင် Jeff Bezos ထက်ကျော်လွန်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ Elon Musk ရဲ့အသားတင်ကြွယ်ဝမှုဟာဒေါ်လာ ၁၈၈.၅ ဘီလီယံ ထိရောက်နေသည့်တိုင်
Elon Musk ဟာအလုပ်ပြန်လုပ်ဖို့ကိုသာ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

ကြာသပတေးနေ့က “ Tesla Owners of Silicon Valley” လို့ခေါ်တဲ့ တွစ်တာအကောင့်တစ်ခုက ၄၉ နှစ်ရှိပီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး Elon Musk ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်းပြောကြားခဲ့ပြီး Mr Musk မှ ” How strange,Well, back to work … ” ” ကောင်းပြီ၊ အလုပ်ပြန်လုပ်ပါ ” ဆိုပြီး သူများနဲ့မတူဘဲ ထူးဆန်းစွာနဲ့ အလုပ်လုပ်ဖို့ကိုသာ တုံ့ပြန်ခဲ့ပါတယ်။