fbpx

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို ပုဒ်မ ထပ်တိုး တရားစွဲ

နိုဝင်ဘာ ၁၆၊ ၂၀၂၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ၁၆ ဦးအား ရွေး ကောက်ပွဲ မသမာမှုများတွင် ပါဝင် ပတ်သက်သည် ဟုဆိုကာ ယမန်နေ့က တရားစွဲဆို အရေးယူထားကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က သတင်း ထုတ်ပြန်သည်။

တရားစွဲဆိုခံရသူများတွင် ယခင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ အစိုးရ အဖွဲရုံးဝန်ကြီး ဦးမင်းသူ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် နေပြည်တော်မြိုတော်ဝန် ဒေါက်တာ မျိုးအောင်တို ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင် အဖွဲဝင်များအား အရေးယူမှုအကြောင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ UEC အနေဖြင့် တရားစွဲဆိုရာတွင် ၈ ဦး၏ အမည်ကိုသာ ထုတ်ပြန်ထားသည့်အပြင် မည်သည့် ပုဒ်မများဖြင့် တရားစွဲဆိုသည်ကိုလည်း ဖော်ပြထားခြင်း မရှိပေ။

Zawgyi Version

နိုဝင္ဘာ ၁၆၊ ၂၀၂၁

င္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ ဦးဝင္းျမင့္ အပါအဝင္ ၁၆ ဦးအား ေရြး ေကာက္ပြဲ မသမာမႈမ်ားတြင္ ပါဝင္ ပတ္သက္သည္ ဟုဆိုကာ ယမန္ေန႔က တရားစြဲဆို အေရးယူထားေၾကာင္း စစ္ေကာင္စီ၏ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ (UEC) က သတင္း ထုတ္ျပန္သည္။

တရားစြဲဆိုခံရသူမ်ားတြင္ ယခင္ ျပည္ေထာင္စုေရြး ေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း၊ အဖြဲဝင္ ဦးျမင့္နိုင္ႏွင့္ ဦးသန္းေဌး၊ အစိုးရ အဖြဲ႐ုံးဝန္ႀကီး ဦးမင္းသူ၊ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ႏွင့္ ေနျပည္ေတာ္ၿမိဳေတာ္ဝန္ ေဒါက္တာ မ်ိဳးေအာင္တို ပါဝင္ေၾကာင္းလည္း ေဖာ္ျပထားသည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲဝင္မ်ားအား အေရးယူမႈအေၾကာင္းကို ပထမဆုံးအႀကိမ္ ထုတ္ျပန္လာျခင္းလည္း ျဖစ္သည္။

စစ္ေကာင္စီ လက္ေအာက္ခံ UEC အေနျဖင့္ တရားစြဲဆိုရာတြင္ ၈ ဦး၏ အမည္ကိုသာ ထုတ္ျပန္ထားသည့္အျပင္ မည္သည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုသည္ကိုလည္း ေဖာ္ျပထားျခင္း မရွိေပ။