fbpx

ဒဂုံတက္ကသိုလ်သို့လာသော YBS 30 တက္ကသိုလ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား။

◾ ဒဂုံတက္ကသိုလ်သို့လာသော YBS 30သည် တက္ကသိုလ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား။
ယနေ့နံနက်အစောပိုင်း၊ ဒဂုံတက္ကသိုလ်အနီး ၊ ဘုန်းကြီးကျောင်းကွေ့တွင် ဒဂုံတက္ကသိုလ်သို့ လာသော YBS 30 သည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့သည် အာဏာသိမ်းစစ်ကောင်စီမှ တက္ကသိုလ်များကို အတင်းအကြပ်ပြန်ဖွင့်သည့်နေ့လည်း ဖြစ်သည်။

YBS 30

◾ အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်မှု ယန္တရား လည်ပတ်နိုင်‌စေရေးအတွက် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှ နေ့စဉ်ရက်ဆက် ကြေညာခဲ့ပါသည်။

မေလ ၅ ရက်နေ့တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း တက္ကသိုလ်ကျောင်းသားအများစုက အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးကိုအလိုမရှိသောကြောင့် ယနေ့ ကျောင်းတက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသား/သူများ မရှိသလောက် နည်းပါးလျက်ရှိသည်။ သို့သော် ကျောင်းသား ၊ ကျောင်းသူများ၏ မိဘများမှ စာသင်ခန်းအဝထိလိုက်ပို့ကာ အတန်းတက်ခိုင်း‌နေသောကြောင့် မေဂျာအချို့မှ မဟာတန်း ကျောင်းသားနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူအချို့‌ ယနေ့ ကျောင်းတက်နေကြကြောင်း တွေ့ရှိရပါသည်။
Dangon Universtery 2021 May 5