fbpx

အသံဝဲဝဲလေးနဲ့ စာတွေ ဆိုနေတဲ့ သမီးလေးရဲ့ ဗီဒီယိုလေး တင်လိုက်တဲ့ အာဘွိုင်း

အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့အောင်မြင်စွာ ရပ်တည်နေပြီး ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို လက်တွဲညီညီ ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ စုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ။

လိုက်ဖက်ညီလွန်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်တဲ့ ရိုမန်တစ်ပုံရိပ်လေးတွေအပြင် အားကျစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို အပျော်လေးတွေကူးစက်စေပြီး ချစ်စရာသမီးလေး Scarlett လေးကလည်း အသည်းယားစရာကောင်းလွန်းတာ အမှန်ပါပဲ။

ခုဆိုရင် Scarlett လေးအပြင် Jaden လေးကလည်း ထပ်တိုးလာပြီမို့ အရင်ထက်တောင် ပြီးပြည့်စုံနဲ့ မိသားစုလေးကို ပိုင်ဆိုင်နေမှာပါ ။ အခုလည်း အသံဝဲဝဲလေးနဲ့ စာတွေ ဆိုနေတဲ့ သမီးလေးရဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ဗီဒီယိုလေးထဲမှာ scarlett လေးတစ်ယောက် အရမ်းချစ်စရာကောင်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

– Zawgyi Version –

အသည်းယားစရာ ကောင်းလောက်အောင် အသံဝဲဝဲလေးနဲ့ စာတွေ ဆိုနေတဲ့ သမီးလေးရဲ့ ဗီဒီယိုလေး တင်လိုက်တဲ့ အာဘွိုင်း

 


