fbpx

မြန်မာနိုင်ငံတွင်COVID-19 လူနာများ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းသေဆုံးမှုရှိကြောင်း ဝန်ကြီးဌာနထုတ်ပြန်

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ၏ ၂ ဒသမ ၄ ရာခိုင်နှုန်း သေဆုံး မှုရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီရင်ခံစာ ၌ ဖော်ပြထားသည်။

ထိုအစီရင်ခံစာအရ အောက်တိုဘာ ၈ ရက်အထိ မြန်မာနိုင်ငံ တွင် COVID-19 လူနာ ၂၁,၄၃၃ဦးရှိသည့်အနက် ၅၁၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ရာခိုင်နှုန်းအားဖြင့် ပိုးတွေ့ရှိသူ များ၏ ၂ ဒသမ ၄ ရာခိုင်နှုန်း သေဆုံးခြင်းဖြစ်သည်။အဆိုပါသေဆုံးသူ ၅၁၀ ဦးအနက် ရန်ကုန်တိုင်းသည် သေဆုံးမှု အမြင့်မားဆုံး တိုင်းဒေသ ကြီးဖြစ်ပြီး သေဆုံးသူ ဦးရေမှာ ၄၈၂ ဦးအထိရှိသည်။ မွန်ပြည် နယ်တွင် ခုနစ်ဦး၊ ရခိုင်ပြည်နယ်တွင် ခုနစ်ဦး၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းနှင့် နေပြည်တော်တို့တွင် သုံးဦးစီ၊ မန္တလေးတိုင်းတွင် နှစ် ဦး၊  တနင်္သာရီ၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့  တွင် တစ်ဦးစီ အသီးသီးဖြစ်သည်။

(၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၄-၁၀-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၁,၃၂၅)ဦး၊  ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၃,၈၆၆)ဦးနှင့်  ပိုးတွေ့သေဆုံးလူနာ (၇၃၂)ဦး ရှိပါသည်။

ထိုသို့ ရန်ကုန်တိုင်းတွင် ကူးစက်သေဆုံးနှုန်း မြင့်မားနေရခြင်းမှာ လူဦးရေထူထပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ အဝင်အထွက်များ ပြားခြင်း၊ ရောဂါလက္ခဏာမပြ သော ပိုးသယ်ဆောင်ထားသူများ ရှိခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသော ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးမှု အားနည်း ခြင်းတို့အပြင် သုတေသနအချို့အရ ဗိုင်းရပ်စ်ပိုးမှာ ပိုမိုကူးစက် မြန်သော မျိုးရိုးဗီဇအဖြစ် ပြောင်းလဲလာခြင်း စသည့်အကြောင်း ရင်းများကြောင့် ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်က COVID-19 သိကောင်းစရာ အမေးအဖြေအစီအစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင် ဒေါက်တာသန်းဝင်း (ခေတ္တညွှန် ကြားရေးမှူးချုပ်)က သုံးသပ်ထား သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး မှ COVID-19 ကြောင့် သေဆုံးမှု နှုန်းမှာ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြားရှိနိုင်သည်ဟု သတ်မှတ်ထား ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

‘‘အဲဒီနှုန်းထဲမှာပဲရှိတာပေါ့ နော်။  ဒါပေမဲ့ ကျွန်တော်တို့က အဲဒီဟာကို ပြောလို့မရဘူးခင်ဗျ။  ပြောလို့မရဘူးဆိုတာက ဘယ်သူပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်သေ သွားတယ်ဆိုရင် ဒါဘာပဲပြော ပြောလေ မိသားစုအနေနဲ့ ဆုံးရှုံးမှုပဲ။ နိုင်ငံတော်အတွက်လည်း ဒါဆုံးရှုံးတာပေါ့နော်’’ဟု ၎င်းက ပြောသည်။ 

နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ https://www.facebook.com/dailyinfomm Facebook Page သို့လာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Reosurce – 7Day News