fbpx

Covid-19 ရောဂါရှာဖွေ‌ရေးကို အချိန်အတိုအတွင်း အဖြေပေါ်စေတဲ့ Test Kit နဲ့ ဘယ်လိုစစ်ဆေးသလဲ

COVID-19 ရောဂါကူးစက်မှုများသည် များပြားလာနေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကူးစက်မှုများကို စစ်ဆေးရာတွင် ဓါတ်ခွဲခန်းများတွင်လည်း စစ်ဆေးပေးနေခြင်းများအပြင် ရောဂါကုသရာတွင် အရေးကြီးသူများ ၊ကုန်စည်ပို့ဆောင်သူများ စသည်တို့ကို COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးခံယူသူ၏ နှာခေါင်းတို့ဖတ် နမူနာများကို ရယူပြီး အချိန်တိုတိုအတွင်း သိရှိနိုင်မည့် RTD Test kit များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် စစ်ဆေး ပေးနေပြီဖြစ်ပါသည်။

ပထမဆုံး COVID-19ရောဂါပိုး ရှိ/မရှိ စစ်ဆေးခံယူမဲ့သူရဲ့နှာခေါင်းတို့ဖတ် နမူနာကို ရယူပြီး Tub တောင့်လေးထဲမှာရှိတဲ့အရည်ထဲကို တို့ဖတ်နမူနာထည့်ကာ (၅)ကြိမ်လောက် မွှေပေးရပါတယ်။ ပြီးရင်တော့ အစက်ချအဖုံးကို တင်းကြပ်စွာပိတ်ပြီး Buffer ဖြင့် ရောထားတဲ့အရည်ကို test device ရဲ့ နမူနာအရည်ထည့်ရန် ခွက်လေးအတွင်းမှာ အစက်(၃)စက်ချပေးရပါတယ်။

ပြီးရင်တော့ အဖြေထွက်ရန်အတွက် (၁၅)မိနစ်မှ မိနစ်(၃၀)အထိ စောင့်ရပါတယ်။ အဖြေကတော့ control line မှာ မျဉ်းနှစ်ကြောင်း ပေါ်တော့မှ positive ထွက်ပါတယ်။ 

ယေဘုယျအားဖြင့်တော့ အဖြေက(၂)မျိုးမှ (၃)မျိုးထိ ထွက်တတ်တယ်”ဟု မန္တလေးမြို့၊ ပြည်ကြီးတံခွန် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှုးဦးဘိုမင်းက ပြောကြားထားကြောင်း သိရပါသည်။

Test Kit တစ်ခုအတွင်းပါ၀င်သော ပစ္စည်းများအားတွေ့ရပုံ