fbpx

မြန်မာနိုင်ငံတဝှမ်းကိုဗစ်ကြောင့် သေဆုံးမှုမြှင့်တတ်

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ဇွန် ၉ ရက်နေ့ကြေညာချက်အရ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးရှိခဲ့တဲ့အနက် စစ်ကိုင်းတိုင်း အတွင်းက ၃ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။
ကလေးမြို့ကို ကိုဗစ်ကြောင့် stay at home အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီကနေ့ ဇွန် ၁၀ ရက်နေ့ မနက်ပိုင်းမှာလည်း မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

နိုင်ငံ အနှံအပြား အပြင် နယ်စပ် အိမ်နီးချင်းထိုင်း နိူင်ငံထိ စပ်နေတဲ့ ရွေ့ပြောင်း အလုပ်သမား အများစုနေထိုင်တဲ့ မြို့တွေမှာ လည်း ကူးစက်မှု နှုန်း မြင့်နေခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာမှာ ကိုဗစ်ဗီဇပြောင်းပိုး ၄ မျိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ကိုဗစ်ဗီဇပြောင်းပိုး မျိုးကွဲများဟာ သဘောသဘာဝကတော့ သူမှီလို့ရတဲ့လက်ခံကောင် လူသားတွေကို သူ အသက်ရှင်သန်ဖို့ အတွက်အမြဲပြောင်းလဲနေပါတယ်။ သူပြောင်းလဲနေတဲ့ ဖြစ်စဉ်က ဆက်ရှိနေပါတယ်။

WHO က ကိုဗစ်ဗီဇပြောင်းပိုး မျိုးကွဲများရဲ့ ဒီပြောင်းလဲမှုတွေကိုလေ့လာတဲ့နေရာမှာ လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ယူကေ ဗီဇပြောင်းပိုး B 117 (alpha)၊ တောင်အာဖရိက ဗီဇပြောင်းပိုး B 1.351 (beta)၊ ဘရာဇီးဗီဇပြောင်းပိုး P1 (gamma) နဲ့ အိန္ဒိယဗီဇပြောင်းပိုး B 1.617.2 (delta) တို့ဖြစ်ပါတယ်။
ကိုဗစ်ဗီဇပြောင်းပိုး ၄မျိုး စလုံးဟာ အလွန်ပြင်းထန်ပီး အိန္ဒိယဗီဇပြောင်းပိုး delta ရဲ့ ပြင်းထန်မှု နှုန်းကို မသိရကြောင်း သိရပါတယ်။