fbpx

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ပထဦးဆုံးထိုးနှံခံရသူများအဖြစ် မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦး မှတ်တမ်းဝင်

မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦးကို တရုတ်ကုန်သွယ်ရေးရုံး အစီအစဉ်ဖြင့် ဒီဇင်ဘာ ၂၈ရက်တွင် ပထမဆုံးအကြိမ် ဝမ်တိန်မြို့ရှိ ကျန်းမာရေးဌာနသို့ ခေါ်ဆောင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း အလုပ်အမှုဆောင် ဦးစိုင်း ခင်မောင်က ပြောကြားခဲ့ပါတယ်။ဝမ်တိန်မြို့သို့ မြန်မာနိုင်ငံသားယာဉ်မောင်း ၂၉ ဦးကို ခေါ်ဆောင်သွားခဲ့သော်လည်း ခြောက်ဦးမှာ အရက်၊ ဘီယာသောက်ထားသူ၊ ဆီးချို ရောဂါရှိသူများဖြစ်လို့ ထိုးခွင့်မရ ရှိဘူးသိရပါတယ်။

ယခု ကာကွယ်ဆေးထိုးခွင့် ရသူ မြန်မာယာဉ်မောင်း ၂၃ ဦး ကို ၁၄ ရက်ပြည့်ပါက နောက် တစ်ကြိမ်ထပ်မံ ထိုးနှံပေးမည်ဟု ဝမ်တိန်မြို့ ကျန်းမာရေးဌာနက အသိပေးကြေညာထားပါသေးတယ်။ကိုဗစ်ရောဂါ ထိန်းချုပ်ကာ ကွယ်ရေးအတွက် မြန်မာနှင့်နယ် စပ်ဂိတ်များမှ လူအဝင်အထွက်ကို တရုတ်က ကန့်သတ်ပြီးနောက် မြန်မာယာဉ်မောင်း ၅၀ နီးပါးကို သာ ကုန်သယ်မောင်းနှင်ခွင့်ပြုထားသောကြောင့် ‘‘အခုက ၂၃ ယောက်။ ထပ် လာဦးမယ်။ ယာဉ်မောင်းက ၅၀ လောက်ရှိတာကိုး’’ ဟု ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြော သည်။သို့သော် မြန်မာယာဉ်မောင်း များအား တရုတ်နိုင်ငံ ကျန်းမာ ရေးဌာနက မည်သည့်ကိုဗစ်ကာ ကွယ်ဆေးအမျိုးအစားထိုးပေးလိုက်သည်ကို မသိရပေ။

(၂၃-၃-၂၀၂၀)ရက်နေ့မှ (၂၈-၁၂-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၂၂,၅၃၄)ဦး၊  ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၀၄,၃၅၁)ဦးနှင့်  ပိုးတွေ့သေဆုံးလူနာ (၂,၆၁၈)ဦး ရှိပါသည်။

Leave a Reply

Your email address will not be published.