fbpx

ပြည်သူများ ဆန်နှင့်ဆီလျှော့စားရန် အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

နိုဝင်ဘာ ၂၊ ၂၀၂၁။

ပြည်သူများဆန်လျှော့စားရန် စစ်ခေါင်းဆောင်က နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အာဏာသိမ်းးမှု (၉) လပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် မိရိုးဖလာအားဖြင့် ဆန်ကို အဓိကစားသုံးကြသဖြင့် တစ်နေ့လျင် နိုဆီခွက်နှစ်ဘူးခွဲစားသုံးရာမှ ဆယ်ရာခိုင်နှုန်းခန့်လျှော့စားသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“..ဆန်ကိုအဓိကထားပြီးစားတဲ့အတွက် ဆန်ကရတဲ့ အာဟာရကတော့ ပိုပြီးရှိပါတယ်။ သိုသော်လည်းပဲ ဗိုက်ဝဖိုကို အဓိကဆိုပြီးစားတဲ့အတွက်ကြောင့် အချိုနေရာတွေမှာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ မရတာတွေရှိတယ်..”

“..သာမန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လယ်နိုဆီဘူး တစ်ဘူးစီလောက်စားပါတယ်။ မနက်စောစောမှာလည်း ဘူးတစ်ဝက်လောက်စားတဲ့အတွက်ကြောင့် နှစ်ဘူးခွဲလောက်ကုန်တာကို ကျွန်တော်တို တွေ့ရပါတယ် … ဒါကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပြီးတော့မှ စားသုံးကြည့်တဲ့အခါမှာ တော်တော်အကျိုးရှိတာကို တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

မိန့်ခွန်းတွင် ဆီစားသုံးမှုကို လျှော့ချရန်လည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြှင့်တက်လျက်ရှိပြီး အများစုမှာ ရယ်ရွှင်ဖွယ်တစ်ခုအဖြစ် မျှဝေနေကြသည်။ – Unicode

 

နိုဝင္ဘာ ၂၊ ၂၀၂၁။

ျပည္သူမ်ားဆန္ေလၽွာ့စားရန္ စစ္ေခါင္းေဆာင္က နိုဝင္ဘာလ (၁) ရက္ေန႔တြင္ က်ေရာက္သည့္ အာဏာသိမ္းးမႈ (၉) လျပည့္မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားလိုက္သည္။

ျမန္မာနိုင္ငံတြင္ မိရိုးဖလာအားျဖင့္ ဆန္ကို အဓိကစားသုံးၾကသျဖင့္ တစ္ေန႔လ်င္ နိုဆီခြက္ႏွစ္ဘူးခြဲစားသုံးရာမွ ဆယ္ရာခိုင္ႏႈန္းခန႔္ေလၽွာ့စားသင့္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိင္က သူ၏ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“..ဆန္ကိုအဓိကထားၿပီးစားတဲ့အတြက္ ဆန္ကရတဲ့ အာဟာရကေတာ့ ပိုၿပီးရွိပါတယ္။ သိုေသာ္လည္းပဲ ဗိုက္ဝဖိုကို အဓိကဆိုၿပီးစားတဲ့အတြက္ေၾကာင့္ အခ်ိဳေနရာေတြမွာ ခႏၶာကိုယ္ကလိုအပ္တဲ့ အာဟာရကို ျပည့္ျပည့္ဝဝ မရတာေတြရွိတယ္..”

“..သာမန္အားျဖင့္ လူတစ္ေယာက္က မနက္၊ ေန႔လယ္နိုဆီဘူး တစ္ဘူးစီေလာက္စားပါတယ္။ မနက္ေစာေစာမွာလည္း ဘူးတစ္ဝက္ေလာက္စားတဲ့အတြက္ေၾကာင့္ ႏွစ္ဘူးခြဲေလာက္ကုန္တာကို ကၽြန္ေတာ္တို ေတြ႕ရပါတယ္ … ဒါကို ၁၀ ရာခိုင္ႏႈန္းေလာက္ ေလၽွာ့ခ်ၿပီးေတာ့မွ စားသုံးၾကည့္တဲ့အခါမွာ ေတာ္ေတာ္အက်ိဳးရွိတာကို ေတြ႕ရပါတယ္” ဟု ေျပာၾကားခဲ့သည္။

မိန႔္ခြန္းတြင္ ဆီစားသုံးမႈကို ေလၽွာ့ခ်ရန္လည္း သူက ထည့္သြင္းေျပာၾကားခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိင္၏ မိန႔္ခြန္းႏွင့္ပတ္သက္ၿပီး ေဖ့စ္ဘုတ္လူမႈကြန္ရက္ေပၚတြင္ ေဝဖန္မႈမ်ား ျမႇင့္တက္လ်က္ရွိၿပီး အမ်ားစုမွာ ရယ္ရႊင္ဖြယ္တစ္ခုအျဖစ္ မၽွေဝေနၾကသည္။ – Zawgyi