fbpx

ရေခဲသတ္တာထဲမှာအေးခဲထားတဲ့အသားများအပေါ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်

စတင်ဖြစ်ပွားရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မကြာမီလပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပီဟု ကြေညာခဲ့ပီး ခရီးသွားသွားခွင့်တွေပါ ကန့်သတ်မူတွေနဲ့ ဖြေလျော့ပေး ခဲ့ပါတယ်။ဒါပေမယ့် စက်တင်ဘာလတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်မှုများအဖြစ် ကနဦး ဖော်ထုတ်သိရှိထားခဲ့သည့် ချင်းဒေါင်မြို့ ဆိပ်ကမ်းလုပ်သားနှစ်ဦးသည် ပိုးသတ်မှုနှင့် ကာကွယ်မှုပိုင်း အားနည်းမှုကြောင့် ကွာရန်တင်းကာလအတွင်း ရင်ခေါင်းအတွင်းအင်္ဂါအထူးကုဆေးရုံတစ်ခုသို့ ဗိုင်းရပ်စ် သယ်လာခဲ့ပြီးနောက် ယင်းဆေးရုံနှင့် ဆက်နွယ်သည့် အခြားကူးစက်သူ ၁၂ ဦးကိုပါ ထပ်မံပေါ်ပေါက်စေခဲ့ကြောင်း အာဏာပိုင်တို့က ပြီးခဲ့သည့်အပတ်တွင် ပြော သည်။

သက်ရှင်လျက် ရှိသော ကိုရိုနာဗိုင်းရပ်စ် ကပ်ငြိတွယ်နေသည့် အေးခဲ အစားအစာ ထုပ်ပိုးပစ္စည်းများနှင့် ထိတွေ့ခြင်းက ရောဂါကူးစက်မှုကို ဖြစ်စေနိုင်တဲ့ အလားအလာတွေကို တရုတ်နိုင်ငံအတွင်းတွေ့ရှိခဲ့တာပါ”။ချင်းဒေါင်မြို့၌ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော ကူးစက်မှုဖြစ်စဉ်တစ်ခုတွင် ဗိုင်းရပ်စ်ကို ဇစ်မြစ်ခြေရာကောက်ရန် အားထုတ်မှုများအတွင်း တရုတ် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) သည် အေးခဲပင်လယ်ငါး ထုတ်ပိုးပစ္စည်း၏အပြင်ဘက်ပေါ်တွင် အသက်ရှင်နေသော ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိပြီး သီးခြားခွဲ လေ့လာခဲ့ချိန် အထက်ပါသုံးသပ်ချက် ထွက်ရှိလာခြင်းဖြစ်ကြောင်း အေဂျင်စီက ယင်း၏ ဝက်ဘ်ဆိုဒ်တွင် ပြောထားသည်။

သို့သော် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC)ရဲ့ နောက်ဆုံးထုတ်ပြန်ပြောကြားချက်တွင် ချင်းဒေါင်ရှိ အလုပ်သမားနှစ်ဦးသည် ထုပ်ပိုးပစ္စည်းများကနေ တိုက်ရိုက် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ခိုင်လုံသည့် အထောက်အထားသက်သေ ပြသခဲ့ခြင်း မရှိပေ။


စားသုံးသူတစ်ဦး အေးခဲ အစားအစာများနှင့် ထိတွေ့မိရာကနေ ဗိုင်းရပ်စ် ကူးစက်ခံရသည့် မည်သည့် ဖြစ်စဉ်ကိုမှ မတွေ့ရကြောင်းနှင့် ယင်းကဲ့သို့ဖြစ်ပျက်နိုင်သည့် အန္တရာယ်မှာ အလွန် နည်းပါးနေဆဲဖြစ်သော်လည်း ကူးစက်နိုင်ကြောင်း တရုတ် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က ထုတ်ပြန်သည်။


ကဲ! အားလုံးပဲ အေးခဲအောင် သိမ်းထားတဲ့ အသားတွေနဲ့ ပက်သက်ရင် ကိုဗစ်-၁၉ ရဲ့ ကူးစက်မူကို သတိပြုရင်း စနစ်တကျ ဆေးကြောသန့်ရှင်းအောင် ပြုလုပ်ကြပါလို့ DailyInfo မှ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ https://www.facebook.com/dailyinfomm Facebook Page သို့လာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.