fbpx

မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်ကြောင်းမော်လမြိုင်တွင် သတိပေး

မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာတော့မယ်လို့ နွေဦးတော်လှန်ရေးသမားလူငယ်တစ်ဦးက ရုပ်သံဖိုင် တစ်ခုထုတ်လွှင့်ပြီး ပြောပါတယ်။

တော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေဟာ လတ်တလောစစ်သစ်တန်းတက်နေပြီး မြို့တွင်းတိုက်ပွဲ ဖြစ်လာတော့မှာမို့ ပြည်သူတွေ သတိထားနေထိုင်ဖို့ကိုလည်း အသိပေးထားပါ တယ်။

အရင်က မော်လမြိုင်မှာ တိုက်ခိုက်မှု နည်းတယ်ဆိုတာကလည်း အထိအခိုက် အနည်းဆုံး ဖြစ်အောင် အချိန်ယူနေလို့ဖြစ်ပြီး လာမယ့်ကာလ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ပူးပေါင်းဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

#Zawgyi

မြန္ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ ေမာ္လၿမိဳင္မွာ ၿမိဳ႕တြင္းတိုက္ပြဲေတြ ျဖစ္လာေတာ့မယ္လို႔ ေႏြဦးေတာ္လွန္ေရးသမားလူငယ္တစ္ဦးက ႐ုပ္သံဖိုင္ တစ္ခုထုတ္လႊင့္ၿပီး ေျပာပါတယ္။

ေတာ္လွန္ေရးတက္ႂကြလႈပ္ရွားသူ လူငယ္ေတြဟာ လတ္တေလာစစ္သစ္တန္းတက္ေနၿပီး ၿမိဳ႕တြင္းတိုက္ပြဲ ျဖစ္လာေတာ့မွာမို႔ ျပည္သူေတြ သတိထားေနထိုင္ဖို႔ကိုလည္း အသိေပးထားပါ တယ္။

အရင္က ေမာ္လၿမိဳင္မွာ တိုက္ခိုက္မႈ နည္းတယ္ဆိုတာကလည္း အထိအခိုက္ အနည္းဆုံး ျဖစ္ေအာင္ အခ်ိန္ယူေနလို႔ျဖစ္ၿပီး လာမယ့္ကာလ စစ္အာဏာရွင္ကို တိုက္ထုတ္ရာမွာ ျပည္သူေတြအေနနဲ႔ ေႏြဦးေတာ္လွန္ေရးတက္ႂကြလႈပ္ရွားသူ လူငယ္ေတြနဲ႔ပူးေပါင္းဖို႔ကိုလည္း ေတာင္းဆိုလိုက္ပါတယ္။