fbpx

ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ် အထောက်အထားများကို တရုတ်အစိုးရက ဖျက်စီးပစ်နိုင်သည်ဟု ဗြိတိန်ထောက်လှမ်းရေး အရာရှိဟောင်း ပြောကြား

ကိုဗစ်-၁၉ ကပ်ရောဂါသည် ဝူဟန်ဓာတ်ခွဲမှ စိမ့်ထွက်လာသည်ဆိုသော အထောက်အထားတစ်စုံတစ်ရာ ရှိခဲ့ပါက တရုတ်အစိုးရက ဖျက်စီးပစ်ခဲ့လိမ့်မည်ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI6 ၏ အကြီးအကဲဟောင်း ဆာရစ်ချက် ဒီယားလက်ခ်က ပြောကြားလိုက်သည်။

လူအများအပြားကိုသေစေနိုင်သည့် သဘာဝ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးရန် ဝူဟန်ဗိုင်းရပ်ဗေဒဌာန က စမ်းသပ်မှုများ လုပ်ခဲ့သည်ဆိုသော အချက်ကို သက်သေပြရန် အလွန်ခက်ခဲလိမ့်မည်ဟု ဆာရစ်ချက် ဒီယားလက်ခ်က ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ဗြိတိန်နှင့် အခြားနိုင်ငံများရှိ သိပ္ပံဆိုင်ရာ အဖွဲ့အစည်းများနှင့် ဂျာနယ်လုပ်ငန်းများသို့ ထိုးဖောက်ဝင်ရောက်နေပြီး အနောက်နိုင်ငံများအနေဖြင့် တရုတ်အပေါ် ယုံလွယ်လွန်းသည်ဟု ထင်မြင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

စမ်းသပ်မှုများအကြောင်း ပြောပြလိုသည့် သိပ္ပံပညာရှင်များသည်လည်း နှုတ်ပိတ်ခံခဲ့ရဖွယ်ရှိကြောင်း ၁၉၉၉ ခုနှစ်မှ ၂၀ဝ၄ ခုနှစ်အထိ MI6 ကို ဦးဆောင်ခဲ့သည့် ဒီယားလက်ခ်က The Daily Telegraph ၏ Planet Normal’ podcast သို့ ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အစိုးရတစ်ရပ်ဖြစ်ပြီး အတိုက်အခံများကို လုပ်ပိုင်ခွင့်အတွင်းမှ နှုတ်ပိတ်ခြင်းကို လက်ခံနိုင်ဖွယ်မရှိသော၊ အစွန်းရောက်သည့် အပြုအမှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

” ဖြစ်ပျက်ခဲ့တာကို ကျွန်တော်တို့ မသိဘူး၊ ဒါပေမယ့် အချက်အလက် တော်တော်များများက ဖျက်ဆီးခံရဖွယ် ဒါမှမဟုတ် ဖျောက်ဖျက်ခံရဖွယ်ရှိလို့ ကူးစက်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ “မဖြစ်နိုင်တာကို စမ်းသပ်တဲ့ စမ်းသပ်မှုကနေ” ကပ်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သက်သေပြဖို့ ခက်ခဲပါလိမ့်မယ် ”

ထိုအကြောင်းကြောင့် ယခုအခါ ဗိုင်းရပ်စ်သည် လူလုပ်ဓာတ်ခွဲခန်းတွင်ပြုလုပ်သည် ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် သိပ္ပံနည်းကျသုတေသနဖြင့် စုံစမ်းရေးသည် ပိုမိုအရေးကြီးလာသည်ဟု ဆာရစ်ချက် ဒီယားလက်ခ်က ဆိုသည်။

#Zawgyi

ကိုဗစ္-၁၉ ကပ္ေရာဂါသည္ ဝူဟန္ဓာတ္ခြဲမွ စိမ့္ထြက္လာသည္ဆိုေသာ အေထာက္အထားတစ္စုံတစ္ရာ ရွိခဲ့ပါက တ႐ုတ္အစိုးရက ဖ်က္စီးပစ္ခဲ့လိမ့္မည္ဟု ၿဗိတိန္ေထာက္လွမ္းေရးအဖြဲ႕ MI6 ၏ အႀကီးအကဲေဟာင္း ဆာရစ္ခ်က္ ဒီယားလက္ခ္က ေျပာၾကားလိုက္သည္။

လူအမ်ားအျပားကိုေသေစနိုင္သည့္ သဘာဝ ကိုရိုနာဗိုင္းရပ္စ္ကို ဖန္တီးရန္ ဝူဟန္ဗိုင္းရပ္ေဗဒဌာန က စမ္းသပ္မႈမ်ား လုပ္ခဲ့သည္ဆိုေသာ အခ်က္ကို သက္ေသျပရန္ အလြန္ခက္ခဲလိမ့္မည္ဟု ဆာရစ္ခ်က္ ဒီယားလက္ခ္က ေျပာၾကားခဲ့သည္။

တ႐ုတ္အေနျဖင့္ ၿဗိတိန္ႏွင့္ အျခားနိုင္ငံမ်ားရွိ သိပၸံဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ဂ်ာနယ္လုပ္ငန္းမ်ားသို႔ ထိုးေဖာက္ဝင္ေရာက္ေနၿပီး အေနာက္နိုင္ငံမ်ားအေနျဖင့္ တ႐ုတ္အေပၚ ယုံလြယ္လြန္းသည္ဟု ထင္ျမင္ေၾကာင္းလည္း ၎က ေျပာၾကားသည္။

စမ္းသပ္မႈမ်ားအေၾကာင္း ေျပာျပလိုသည့္ သိပၸံပညာရွင္မ်ားသည္လည္း ႏႈတ္ပိတ္ခံခဲ့ရဖြယ္ရွိေၾကာင္း ၁၉၉၉ ခုႏွစ္မွ ၂၀ဝ၄ ခုႏွစ္အထိ MI6 ကို ဦးေဆာင္ခဲ့သည့္ ဒီယားလက္ခ္က The Daily Telegraph ၏ Planet Normal’ podcast သို႔ ေျပာၾကားခဲ့သည္။

တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံအစိုးရသည္ အလြန္ေၾကာက္မက္ဖြယ္ေကာင္းေသာ အစိုးရတစ္ရပ္ျဖစ္ၿပီး အတိုက္အခံမ်ားကို လုပ္ပိုင္ခြင့္အတြင္းမွ ႏႈတ္ပိတ္ျခင္းကို လက္ခံနိုင္ဖြယ္မရွိေသာ၊ အစြန္းေရာက္သည့္ အျပဳအမႈမ်ားျပဳလုပ္ခဲ့သည္ဟု ၎က ဆိုသည္။

” ျဖစ္ပ်က္ခဲ့တာကို ကၽြန္ေတာ္တို႔ မသိဘူး၊ ဒါေပမယ့္ အခ်က္အလက္ ေတာ္ေတာ္မ်ားမ်ားက ဖ်က္ဆီးခံရဖြယ္ ဒါမွမဟုတ္ ေဖ်ာက္ဖ်က္ခံရဖြယ္ရွိလို႔ ကူးစက္ေရာဂါျဖစ္ရျခင္းရဲ့ အေၾကာင္းရင္းတစ္ခုျဖစ္တဲ့ “မျဖစ္နိုင္တာကို စမ္းသပ္တဲ့ စမ္းသပ္မႈကေန” ကပ္ေရာဂါျဖစ္ရတဲ့ အေၾကာင္းရင္းကို သက္ေသျပဖို႔ ခက္ခဲပါလိမ့္မယ္ ”

ထိုအေၾကာင္းေၾကာင့္ ယခုအခါ ဗိုင္းရပ္စ္သည္ လူလုပ္ဓာတ္ခြဲခန္းတြင္ျပဳလုပ္သည္ ဟုတ္မဟုတ္ကို ဆုံးျဖတ္ရန္ သိပၸံနည္းက်သုေတသနျဖင့္ စုံစမ္းေရးသည္ ပိုမိုအေရးႀကီးလာသည္ဟု ဆာရစ္ခ်က္ ဒီယားလက္ခ္က ဆိုသည္။