နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်ရံတော်ဖြစ်သူ ဒုရဲအုပ်ချယ်ရီထက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
ဒုရဲအုပ်ချယ်ရီထက်သည် လူမှုကွန်ရက်တွင် May Mi Account ဖြင့် မတ်လ ၆ ရက်မှစ၍
“မတရားတာကို မတရားဘူးလို မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လိုတော့ မပြောပါနဲ့ ၊ မတ်လ ၇ ရက်နေ့တွင် ကဲဘယ်လိုပြောပြော၊ ဟိုဘက်ကလည်း CDM မပါရင် စစ်ကောင်စီဘက်တော်သားအဖြစ် အရေးယူမယ်တဲ့၊ ဒီဘက်ကလည်း CDM ပါရင် ရဲစည်း၊ အရပ်ဘက်နဲ့ ထောင် ၁၃ နှစ်တဲ့ ၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတာဆိုတော့ တစ်ခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲ သွားနှင့်ရမလား၊ Crd .. အထုတ်ပိုက်နေပြီ”
မတ်လ ၁၄ ရက်နေ့တွင် We Love Daw Aung San Su Kyi Facebook Page မှ လွမ်းလိုက်တာ အမေဟူသည့် Post အား မျှဝေခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုပြင် ဇွန်လတွင် NLD ပါတီ၊ ဘီးလင်းလွှတ်တော်ကိုယ်စားလှယ်လောင်း မသီရိရတနာနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး မသီရိရတနာမှ တောတွင်းစခန်းချနေထိုင်မှုနှင့် လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ NUG အဖွဲ ၏ သတင်းထုတ်ပြန်ချက်များ ပေးပိုခြင်း၊ ပြည်သတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များကို အပြန်အလှပေးပိုဆောင်ရွက်သဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒုရဲအုပ် ချယ်ရီထက်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် နေပြည်တော်အမှတ်(၁)မြိုမရဲစခန်း၌ စစ်ကောင်စီက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်ရံ တော် ဒုရဲအုပ် ချယ်ရီထက်။