fbpx
နိုင်ငံရပ်ခြားမှာ ရောက်နေသော်လည်း မြန်မာပြည်အတွက် အစွမ်းကုန်ကြိုးစားပေးနေတဲ့ အဆိုတော်ချမ်းချမ်း
မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင်တော့ အဆိုတော်ချမ်းချမ်းက နိုင်ငံခြား ရောက်နေပေ့မယ့်လည်း မြန်မာပြည်အတွက် အစွမ်းကုန် ကြိုးစားပေးနေတဲ့အကြောင်းကို အခုလို ရေးသားဖော်ပြထားပါတယ်နော်။
အဆိုတော်ချမ်းချမ်းက အီတလီနိုင်ငံ ပါမားမြို့မှာကျင်းပတဲ့ ယဉ်ကျေးမှုသည် ဒီမိုကရေစီကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်းခေါင်းစဉ်ဖြင့် ၅ ရက်တိုင်တိုင် ကျင်းပနေတာ ဒီနေ့ဟာ တတိယရက် ဖြစ်ပါတယ်။ မြန်မာ့အစားအစာ၊
စာပေ၊ ယဉ်ကျေးမှု၊ ဂီတ အကအလှများကို တစ်နေရာတည်းမှာ ချပြပြီး မြန်မာ့အရေး ကမ္ဘာက စိတ်ဝင်တစား အသိအမှတ်ပြုလာရေးအတွက် ကျင်းပပေးတာဖြစ်ပါတယ်။ တတ်နိုင်သမျှ ဂီတဘက်ကနေ ပါဝင်ကူညီအားဖြည့်
ပေးထားပါတယ်၊ ၁၉ရက်နေ့မှာ မြန်မာ့အကအလှ ဂီတတွေနဲ့ PiazzaGaribaldi မှာ ဖျော်ဖြေပေးမှာပါ၊ မနေ့က မြန်မာလူမျိုးတွေနဲ့ တွေ့ရတော့ ပျော်နေတာ၊ မြန်မာစာကို ချက်ပြုတ်တဲ့အစီစဉ်ကိုလဲ သွားရောက်အားပေးခဲ့ပီး
တို့ဟူးသုတ်နဲ့ အုန်းနို့ခေါက်ဆွဲကို အားပေးခဲ့တယ်။ ဒီနေ့တော့ ကျမတို့ခေါင်းဆောင် အမေအောင်ဆန်းစုကြည်ရဲ့ TheLady ရုပ်ရှင် အထူးပြသပွဲကို မီရှလဲရိုးကလဲ တက်ရောက်အားပေးမှာ ဖြစ်ပါတယ်။ အရေးတော်ပုံ အောင်ရမည်။
မကြာမီ သတင်းကောင်းတွေ ကြားရတော့မယ်။ သမီးလေး Pilar ကလဲ အုန်းနို့ခေါက်ဆွဲထဲက ကြက်သားကို မြိန်ရည်ယှက်ရည်စားသုံးပြီး အပြုံးပန်းတေဝေနေခဲ့ပါတယ် ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။
Zawgyi