fbpx

၂၀၀၈ ခြေဥကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ဥက္ကဌ ဦးအောင်တိုး ကွယ်လွန်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမှာ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ တရားသူကြီးချုပ် ဦးအောင်တိုးဟာ မေလ ၂၄ရက်နေ့မှာ သေဆုံးသွားတယ်လို့ နာရေးကြော်ငြာတွေအရ သိရပါတယ်။

ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်တိုးဟာ မြန်မာနိုင်ငံ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဦးအောင်တိုးဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် နှစ်ပေါင်း ၂၂ နှစ်ခွဲအထိ နေရာရယူခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း သက်တမ်းအကြာဆုံး ပြည်ထောင်စု တရားသူကြီးချုပ် ဖြစ်ပါတယ်။