fbpx

မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်မှုကြောင့် နေ့စဉ် ဒေါ်လာ ၂၄ သန်းမကဆုံးရှုံးနေ

အင်တာနက်ဖြတ်တောက်မှုကြောင့် ဆုံးရှုံးရတဲ့ မြန်မာ့စီးပွားရေးဟာ နေ့စဉ် တရက်တိုင်းမှာ ဒေါ်လာ ၂၄ သန်းမက ရှိတယ်လို့ အင်တာနက်နည်းပညာရယူသုံးစွဲမူတွေကိုစောင့်ကြည့်နေတဲ့ Netblocks အဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ အင်တာနက်သုံးစွဲပိုင်ခွင့်တွေ ကန့်သတ်ချုပ်ချယ်ခံခဲ့ကြရပါတယ်။

စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို ထိန်းသိမ်းနိုဖို့စီစဉ်တဲ့ ဒီလို ဖိနှိပ်ချုပ်ခြယ်မှုဟာ သတင်းရယူပိုင်ခွင့်တွေဆုံးရှုံးရုံသာမက နိုင်ငံရဲ့စီးပွားရေးကိုပါ ချည့်နဲ့စေခဲ့ပါတယ်။ သတင်းထောက်တွေက သတင်းမတင်ပြနိုင်တော့သလို မိသားစုတွေဟာလည်း ကိုဗစ်-၁၉ အန္တရာယ်က ကာကွယ်နိုင်ဖို့ လိုအပ်တဲ့အချက်အလက်တွေ မရရှိနိုင်တော့ပါဘူး။

စီးပွားရေးထိခိုက်ရာမှာ အထူးသဖြင့် အွန်လိုင်းစီးပွားရေးအလုပ်လုပ်ကိုင်သူ ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။ အင်တာနက်ကို စတင်ပိတ်ဆို့လိုက်တာနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ပြိုကျပျက်စီးခဲ့ရတဲ့အကြောင်း လုပ်ငန်းရှင်တယောက်က နည်းပညာသတင်းတွေတင်ဆက်နေတဲ့ Rest of World ကိုပြောပါတယ်။

အွန်လိုင်းမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်တဲ့ စစ်အစိုးရရဲ့ အင်တာနက်ပိတ်ဆို့မှုနဲ့ တခြားပိတ်ဆို့မူတွေအားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

#Zawgyi

အင္တာနက္ျဖတ္ေတာက္မႈေၾကာင့္ ဆုံးရႈံးရတဲ့ ျမန္မာ့စီးပြားေရးဟာ ေန႔စဥ္ တရက္တိုင္းမွာ ေဒၚလာ ၂၄ သန္းမက ရွိတယ္လို႔ အင္တာနက္နည္းပညာရယူသုံးစြဲမူေတြကိုေစာင့္ၾကည့္ေနတဲ့ Netblocks အဖြဲ႕အစည္းက ခန႔္မွန္းထားပါတယ္။

ျမန္မာနိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္းမွာ ျမန္မာျပည္သူေတြရဲ့ အင္တာနက္သုံးစြဲပိုင္ခြင့္ေတြ ကန႔္သတ္ခ်ဳပ္ခ်ယ္ခံခဲ့ၾကရပါတယ္။

စစ္တပ္ရဲ့ အာဏာခ်ဳပ္ကိုင္မႈကို ထိန္းသိမ္းနိုဖို႔စီစဥ္တဲ့ ဒီလို ဖိႏွိပ္ခ်ဳပ္ျခယ္မႈဟာ သတင္းရယူပိုင္ခြင့္ေတြဆုံးရႈံး႐ုံသာမက နိုင္ငံရဲ့စီးပြားေရးကိုပါ ခ်ည့္နဲ႔ေစခဲ့ပါတယ္။ သတင္းေထာက္ေတြက သတင္းမတင္ျပနိုင္ေတာ့သလို မိသားစုေတြဟာလည္း ကိုဗစ္-၁၉ အႏၲရာယ္က ကာကြယ္နိုင္ဖို႔ လိုအပ္တဲ့အခ်က္အလက္ေတြ မရရွိနိုင္ေတာ့ပါဘူး။

စီးပြားေရးထိခိုက္ရာမွာ အထူးသျဖင့္ အြန္လိုင္းစီးပြားေရးအလုပ္လုပ္ကိုင္သူ ေထာင္ေပါင္းမ်ားစြာ ပါဝင္ပါတယ္။ အင္တာနက္ကို စတင္ပိတ္ဆို႔လိုက္တာနဲ႔ ဒစ္ဂ်စ္တယ္စီးပြားေရးဟာ ၿပိဳက်ပ်က္စီးခဲ့ရတဲ့အေၾကာင္း လုပ္ငန္းရွင္တေယာက္က နည္းပညာသတင္းေတြတင္ဆက္ေနတဲ့ Rest of World ကိုေျပာပါတယ္။

အြန္လိုင္းမွာ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္ကို ကန႔္သတ္တဲ့ စစ္အစိုးရရဲ့ အင္တာနက္ပိတ္ဆို႔မႈနဲ႔ တျခားပိတ္ဆို႔မူေတြအားလုံးကို အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင့္ကင္က ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။