fbpx

သင်္ကန်းကျွန်း ကံဆိုးသူ သတို့သမီးနဲ့ မျိုးချစ် ပျူစောထီးတို့ ဇတ်ရှုပ်

#ပျူစောထီးအချင်းချင်း_လုပ်ကြံနေကြပြီ

ယနေ့ သင်္ကန်းကျွန်း ဇေယျသုခလမ်းထဲက မင်္ဂလာဆောင်မှာဗုံးပေါက်ကွဲခဲ့လို့ သတို့သမီးအပြင် လူ ၃ ယောက်သေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရတယ်။ ဒီနေရာမှာ စာဖတ်သူတို့သိအောင် အနည်းငယ်ပြောပြချင်တာကတော့ ပျူစောထီးအဖွဲ့ဝင်ကို ပျူစောထီးအဖွဲ့ဝင်တွေကပဲ ပြန်လည်ရှင်းထုတ်နေတဲ့ကိစ္စပါ။

သတို့သားဖြစ်သူက လက်ရှိအချိန်မှာ ပျူစောထီးအဖွဲ့ဝင်ထားသူဖြစ်ပြီး မိုက်ကယ်ကျော်မြင့် ရဲ့ အခြေခံလူတန်းးစားဘဝ မြင့်မားရေးပါတီမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မိုးမိုးခိုင်၏ တပည့်အရင်းဖြစ်တယ်လို့ အတွင်းသတင်းပေးသူက ဆိုပါတယ်။ မိုးမိုးခိုင် ဆိုတာ ကျွန်တော့်စာဖတ်သူမိဘပြည်သူများ အမှတ်ရနေမယ့်သူဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် MNO မျိုးညစ်အဖွဲ့က မျိုးညစ်ကျော်စွာဦးနဲ့ ကျောက်ခဲတို့ရဲ့ တပည့်လို့လည်း သိရပါတယ်။ ကျောက်ခဲနဲ့ကျော်စွာဦးကလည်း အခုအချိန်မှာ ပျူစောထီးအဖွဲ့ဝင်တွေပါပဲ။ ထားပါ။ သတို့သားကိစ္စကို ဆက်ပါမည်။

အခု ဖော်ပြထားတဲ့ ပထမဦးဆုံးပုံကို ကြည့်လိုက်ပါ။ သတို့သားနာမည်က ချစ်မင်းသူ ဖြစ်ပြီး၊ သူဟာ ကြံ့ခိုင်ရေးပါတီဝင်၊ MNO မျိုးညစ်အဖွဲ့ဝင်၊ YDP ပါတီနေ့စားဖြစ်ပြီး လက်ရှိတော့ ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း မျိုးညစ်အတွင်းသတင်းပေးသူက အခုပဲအကြောင်းကြားလာပါတယ်။

 


ဒါ့အပြင် မင်္ဂလာဆွမ်းကပ်ကို လက်ခံသူကတော့ မဘသအရည်ခြုံလုံးဂတီးတွေဖြစ်ကြသော ကန်ညီနောင် ကြာတစ်ပွင့်၊ ပညာဝံသ နှင့် အခြား မဘသလုံးကတီးတစ်ကောင်တို့ တက်ရောက်ပွဲခံခဲ့ကြတယ်။

ထိုအရည်ခြုံတွေက ဘယ်သူတွေလဲဆိုတော့ အာဏာသိမ်းခါစလပိုင်းလောက်က ဗဟန်း ၃ လမ်းအနီး ရေခဲဆိုင်မှတ်တိုင်မီးပွိုင့်မှာ မီးပွိုင့်မီးနီစောင့်ဆိုင်းနေတဲ့ကားတွေကို ရွှေကျင်ကျောင်းတိုက်ဝန်းထဲကနေ ထွက်ရိုက်မိုက်ကြေးခွဲခဲ့ကြတဲ့ အရည်ခြုံတစ်စုပဲဖြစ်ပါတယ်။ ပုံမှာ သက်သေတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။


ဒီပွဲမှာ ထိုအရည်ခြုံတွေက ဗုံးမပေါက်ကွဲခင်မှာ ပြန်သွားကြတယ်လို့ မျိုးာစ်အတွင်းသတင်းပေးသူက ဆိုပါတယ်။ ဆိုတော့ကာ သူတို့တတွေလာတုန်းက မပေါက်ကွဲပါပဲနဲ့ သူတို့လို့ကောင်တွေပြန်သွားမှာ ပေါက်တယ်ဆိုတော့ ဒါစဥ်းစားစရာပါပဲ။


ပြောချင်တာက ဒီမင်္ဂလာပွဲဆိုတာ သူတို့ရင်းနှီးသူအချင်းချင်းကိုသာ ဖိတ်ကြားထားကြတာမို့၊ ဘယ်သူစိမ်းမှ တက်လို့ရတဲ့ပွဲမျိုးမဟုတ်ဘူး။ လာခဲ့ရင်လည်း သူတို့ကလက်ခံမှာမဟုတ်ဘူး။ အခု အတည်ပြုသတင်းတွေအရ လက်ဖွဲ့ပစ္စည်းကနေ ထပေါက်တယ်ဆိုတော့ လက်ဖွဲ့ဖွဲ့ဖို့အတွက်က ဒီမင်္ဂလာပွဲရဲ့ နေ့ရက်နဲ့အချိန်ကို သူတို့အချင်းချင်းပဲသိကြမယ့်ကိစ္စ။ အဲ့တော့ လက်ဖွဲ့ပစ္စည်းကနေ ထပေါက်ကွဲတာဆိုတော့ စဥ်းစားပေါ့ဗျာ။

အခု ပြည်သူတွေထင်နေတဲ့ပုံက ပြည်သူတွေရဲ့မင်္ဂလာပွဲကို ပျူစောထီးအဖွဲ့က လာဖောက်ခွဲတယ်လို့ အများစုကထင်နေကြပါတယ်။ တကယ်က အဲ့လိုမဟုတ်ပါဘူး၊ ပျူစောထီးအချင်းအချင်း ပြန်လည်ထိုးကျွေးနေတဲ့ဖြစ်စဥ်ပါပဲ။ ဒီထက်တိကျတာတွေ ချပြနိုင်ဖို့ ကျွန်တော်စုံစမ်းနေပါတယ်။ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

credit to original uploader;