fbpx

“ကလေးငယ်များနဲ့ကြာဆူး”

“ကြာဆူး”………. ဆိုသော
စကားကိုကြားမိသည်နှင့်တစ်ပြိုက်နက် တော်တော်မျာများက
မျက်လုံးထဲမှာတံတောင်ဆစ် တို့ ဒူးခေါင်းတို့မှာတွေ့‌လေ့ရှိတဲ့
မွေးညှင်းပေါက်လေးတွေ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန် လေးတွေကို ပြေးမြင်မိကြပါတယ်။
မြန်မာ အခေါ် အရတော့ ကြာဆူးပုံ နှင့်နီးစပ် သဖြင့် ကြာဆူး ဟု အလွယ်ခေါ် ကြပီး
ဆေးပညာ အရ တော့ ဘယ်လိုခေါ် လည်း ကျွန်တော်လည်း မသိပါဘူး။ :3
သိချင်ရင် ကိုယ်ဘာသာ ရှာပီး ဖတ်ကြပါ။
ဟီးးး စတာပါ။
ဆေးပညာ အခေါ်‌အ‌ရ “follicular keratotic papules” ၊
မြန်မာ အခေါ် အရတော့ ကြာဆူးဟာ
အဓိကအား
*ဘီတာမင်အေချို့တဲ့မူ၏ လက္ခဏတစ်ရပ်သော်လည်းကောင်း၊
*အရေပြားပိုး၀င်ခြင်းနဲ့တခြားထိခိုက်မူမဖြစ်အောင်ကာကွယ်ပေးတဲ့
“keration” အမည်ရ ပရိုတင်း တစ်မျိုး စုပုံလာခြင်းကြောင့်ဖြစ်သည်။
#ကလေးငယ်များနှင့်ဆယ်ကျော်သက်များတွင် ပို အဖြစ်များတဲ့ အတွက်ကြောင့်
ကလေးငယ်ရှိတဲ့မေမေတို့ အနေနဲ့ သိထားသင့်ပါတယ်။
အကယ်ရျ် ……….
မိမိကလေးငယ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် အချိန် ၂မိနစ်လောက် ဖတ်ပေးရုံနဲ့ လုံလောက်စေမှာပါ။

လေးငယ်များနဲ့ကြာဆူး

ကြာဆူးဟာအရေပြား မွှေးညှင်းပေါက်နေရာမှာkera
tin ဆဲလ်တွေ
သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။
ပုံမှန်အားဖြင့် ၄-၅ ရက်ကြာပီး
အရေပြားယံခြင်းမှလွဲရျ်
အခြားလက္ခဏာ မပြသောကြောင့် စိုးရိမ်ဖွယ် မရျိသော်လည်းး
ဒူး၊တံတောင် ကဲ့သို့သော
ပွတ်တိုက်မူများသော လူမြင်ကွင်းမှာမို့ စိတ်ညစ်ဖို့ကောင်းသည်။
လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ
တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။
၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်ကြပါတယ်။

ကြာဆူးး ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတော့ ဆရာ၀န် သီးသန့်ပြစရာ မလိုပါဘူး။
အစိုဓတ်ထိန်းပေးတဲ့ ကရမ်လိုရှင်း လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။
တော်‌‌တော်များများက ဆေးဆိုင်မှာ မေး၀ယ်လို့ရနိုင်ပေမယ့်
နည်းနည်း ပြင်းထန်တဲ့ အခြေအနေဆိုရင်တော့
လမ်းညွန်မူယူသင့်ပါတယ်။
ဒီနေ့တော့
ကလေးငယ်တွေ ဆယ်ကျော်သက် သားသားမီးမီး တွေမှာ ဖြစ်တတ်တဲ့
ကြာဆူး အကြောင်း သိပီမို့
ဖြစ်လာခဲ့ရင် စိုးရိမ်စရာ မရှိတော့ပါဘူးနော် ကျေးဇူးပြူပီးလည်း ကျွန်တော်တို့ Page ကို like and share လေးနဲ့ကူညီပေးကြပါအုံးနော်။