fbpx

အချိန်တိုအတွင်း ငွေရွှင်၊ လာဘ်ရွှင် ငွေဝင်မြဲစေမယ့် နည်းလမ်း

DailyInfo ရဲ့ စာဖတ်ပိရိတ်သတ်တို့ရေ..

ငွေရွှင် လာဘ်ရွှင်စေနိုင်မယ့် နည်းလမ်း အမြောက်အများထဲကမှ တချို့ကို ရွေးချယ်ပြီးပြောပြချင်ပါတယ်။ ဝင်ငွေဖြောင့်ပြီး၊ ဝင်လာတဲ့ငွေ ပြန်ထွက်မသွားအောင်၊ ပိုက်ဆံအိတ်ထဲ ငွေမြဲနေအောင် သေချာ ဆွဲဆောင်နိုင်ဖို့တော့လိုမယ်နော်။

ဒီနည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေရာကို လိုက်လုပ်နိုင်မယ်ဆိုလျှင် ကိုယ့်ဆီမှာ ကံကောင်းမှုတွေကြုံလာ၊ ဆုံလာပြီး၊ ကြွယ်ဝချမ်းသာစေဖို့ အထောက်အပံ့တစ်ခုပေးနိုင်မှာပါ။ ပညာရှိတွေ ရှေးတရုတ်လူမျိုးတွေရဲ့ အဆိုအရ ကိုယ့်ဆီမှာ ငွေမြဲစေဖို့အတွက် positive energies တွေများများရှိဖို့လိုအပ်ပါတယ်။ ဒီလို positive energies တွေကို ဆွဲဆောင်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ငွေရောင် အကြွေစေ့ကို ဆောင်ထားခြင်း။

ငွေရောင် အကြွေစေ့တွေက လာဘ်လာဘရွှင်စေမယ့် နည်းတွေထဲက အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ အကြွေစေ့ထဲကမှ ငွေရောင် အကြွေစေ့တွေကတော့ လူမှုဆက်ဆံ‌ရေးနယ်ပယ်မှာ အဆင်ပြေစေရုံမျှမက အာဏာရှိမှု၊ ကြီးကျယ်မြင့်မြတ်မှုတွေကိုလဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ငွေရောင် အကြွေစေ့တွေကို ပိုက်ဆံထည့်တဲ့ အိတ်ထဲမှာ ဆောင်ထားသင့်တယ်နော်။

၂။ ကြေးနီရောင် အကြွေစေ့ကို ဆောင်ထားခြင်း။

ကြေးနီရောင် အကြွေစေ့တွေကလည်းပဲ လာဘ်လာဘရွှင် ဝင်ငွေတိုးစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါသေးတယ်နော်။ အကြွေစေ့ထဲကမှ ကြေးနီရောင် အကြွေးစေ့တွေက လွတ်လပ်မှု၊ ဝင်ငွေကြွယ်ဝစေမှု၊ ဆန်းသစ်မှု၊ ဉစ္စာဓနပေါကြွမ်ဝပြီး မြဲစေဖို့ စွမ်းဆောင်‌ပေးနိုင်ပါတယ်။

၃။ မြေဓာတ်အစွမ်းတွေရနိုင်ဖို့ ကျောက်တုံးသေးသေးလေးတွေကို ဆောင်ထားခြင်း။

မြေဓာတ်ရဲ့ သဘောတရားအရ ကျောက်တုံးသေးသေးလေးတွေက positive energies တွေကြွယ်ဝစေတယ်။ ဝင်ငွေတည်ငြိမ်စေတယ်။ ဝင်ငွေအခြေခိုင်စေတယ်။ ပေါကြွယ်ဝစေတယ်။ ကျောက်တုံးလေးတွေထဲမှာမှ အစွမ်းအထက်ဆုံးအရောင်ကတော့ အမည်းရောင်နဲ့ အစိမ်းရောင်ကျောက်တုံးလေးတွေပဲဖြစ်ပါတယ်။ ကျောက်တုံးအကြီးအသေးပေါ် မမူတည်ဘဲ အရောင်ထင်ရှားလေ အစွမ်းထက်လေ ဖြစ်နိုင်စေမှာမို့ ဆောင်ထားသင့်တယ်နော်။

၄။ ပိုက်ဆံအိတ်ကို အသုံးမပြုရင်တောင် ကိုယ်လိုချင်တဲ့ ဝင်ငွေနဲ့ အနီးစပ်နိုင်ဆုံး ပမာဏနည်းနည်းထည့်သိမ်း၍ သိမ်းထားခြင်း။

positive energies ကိုဆွဲဆောင်တဲ့ အခါမှ ယုံကြည်မှုရှိဖို့ လိုပါတယ်။ ကိုယ်က ပိုက်ဆံအိတ်တွေ အများကြီးကို ဝယ်စုသိမ်းတတ်တဲ့သူဆိုရင်တော့ (Slim Bag, Backpack, Cross Bag များကိုမဆိုလိုပါ။) ကိုယ်သိမ်းလိုက်တဲ့ပိုက်ဆံအိတ်ထဲမှာ အစောင့်ရှောက်အနေနဲ့ ဝင်ငွေမြဲစေဖို့ ပိုက်ဆံကို ထည့်ဆောင်ပြီး သိမ်းထားသင့်ပါတယ်။ ဝင်ငွေကို ငွေနဲ့ ပြန်ဆွဲဆောင်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ ဉပမာ- ၁၀၀၀ကျပ်၊ ၅၀၀ကျပ် လောက်ကို အနည်းဆုံးထည့်သိမ်းသင့်ပါတယ်။

၅။ လက်ရှိအသုံးပြုနေဆဲ card တွေကို ထည့်ဆောင်ထားခြင်း။

အကြွေးစာရင်း၊ receipt (လက်ခံဖြတ်ပိုင်း)၊ မလိုအပ်တဲ့ လိပ်စာကတ်အမြောက်အများကို ပိုက်ဆံထည့်တဲ့ အိတ်ထဲ ဆောင်ထားခြင်းက ငွေထပ်ဝင်ဖို့ မဆွဲဆောင်နိုင်တဲ့အပြင် လာဘ်တိတ်စေပါတယ်။ ဒါ့ကြောင့် အမြဲအသုံးပြုနေတဲ့ member card, ATM, Debit Card စတာတွေကို ပိုက်ဆံအိတ်ထဲမှာ ဆောင်ထားမယ်ဆိုရင် ဝင်ငွေအမြဲစီးဆင်းစေနိုင်မှာပါ။

၆။ ဆန်စေ့၊ ဂျုံစေ့ အနည်းငယ်ကို ထည့်သိမ်းဆောင်ထားခြင်း။

လူအတော်များများက အစားအသောက်အတွက် ဆန်ကို အဓိကစားသလို၊ ဂျုံကို စားသုံးသူများလည်းရှိပါတယ်။ ဒီလို ဆန်၊ ဂျုံ အစရှိတဲ့ အစေ့အစံ တွေကို ထည့်ဆောင်ထားခြင်းက တည်ငြိမ်တဲ့ စားဝတ်‌နေရေးကို ယူဆောင်လာနိုင်မှာဖြစ်ပြီး၊ ကောင်းမွန်တဲ့ ဘဝတစ်ခုကိုလည်း ဖန်တီးပေးနိုင်မှာပါ။

၇။ ခရုခွံလေးတွေ ထည့်ဆောင်ထားခြင်း (သို့မဟုတ်) ကိုယ့်အတွက် အဓိပ္ပာယ်ရှိစေမယ့် အရွက်လေးတွေ ထည့်ဆောင်ထားခြင်း။

ကိုယ်သဘောကျ မြတ်နိုးရတဲ့ အရာလေးတွေထည့်ဆောင်ထားခြင်းကလည်း စိတ်တံခါးကို ပွင့်‌စေသလို positive energies တွေမြောက်များစွာဆွဲဆောင်နိုင်လို့ လာဘ်ရွှင်စေနိုင်ပါတယ်။ အိန္ဒိယလူမျိုးတွေရဲ့ အယူအဆအရ မြစ်တွေ၊ ပင်လယ်တွေမှာ ကြုံတောင့်ကြုံခဲတွေ့ရတတ်တဲ့ ခရုခွံလှလှလေးကို ထည့်ဆောင်ထားခြင်းက ကောင်းမွန်တဲ့ကျန်းမာရေး၊ ပျော်ရွှင်တဲ့ဘဝ၊ ချမ်းသာကြွယ်ဝမှုကို ပေးစွမ်းနိုင်တဲ့ အစွမ်းသတ္တိရှိလို့ အလုပ်အကိုင်၊ စီးပွားရေး၊ မိသားစု အရေးကိစ္စတွေမှာ အောင်မြင်မှုကို ဆွတ်ခူးပေးနိုင်စွမ်းရှိကြပါတယ်။

၈။ ဝင်ငွေတည်ငြိမ်ပြီး မြဲစေမယ့် ပိုက်ဆံအရောင်ကို မှန်မှန်ကန်ကန်ရွေးချယ်ခြင်း။

ဒီနည်းလမ်းကလည်း အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

*အနက်ရောင်– ပိုက်ဆံအိတ်အနက်ရောင်က ဉစ္စာပစ္စည်းကြွယ်ဝဖို့၊ အလုပ်အကိုင်အဆင်ပြေစေဖို့ ဆွဲနိုင်စေသလို စီးဝင်လာတဲ့ ငွေတွေကို ပြန်ထွက်မသွားအောင်လည်း ထိန်းသိမ်းပေးနိုင်လို့ ပိုက်ဆံအိတ်ထဲမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံးအရောင်ဆိုရင်လည်း မမှားပါဘူးနော်။

*အပြာရောင်– အပြာရောင်က အလှဆုံးအရောင်ဖြစ်ပေမယ့် ပိုက်ဆံထည့်တဲ့ အိတ်အတွက်ကတော့ မသုံးသင့်ပါဘူးနော်။ အပြာရောင်တဲ့သဘောက အေးမြပြီး ရေရဲ့ အသွင်လို စီးဆင်းစေလို့ ငွေစီးဆင်းမှုမြန်ပြီး ငွေမမြဲဘဲ အခက်တွေ့နေစေမှာပါ။

*အနီရောင်– အနီရောင်ကလည်း ရဲရင့်တောက်ပလို့ လူကြိုက်များတဲ့ အရောင်ဆိုပေမယ့် ပိုက်ဆံအိတ်အတွက်ကတော့ လုံးဝမဆောင်သင့်ပါဘူးနော်။ စီးဝင်လာတဲ့ငွေတွေကို မီးရှို့လိုက်သလို လောင်ကျွမ်းသွားမှာဖြစ်ပြီး အဖက်မတင်ဘဲ ငွေကုန်ကြေးကျ များစေပါလိမ့်မယ်။

*အညိုရောင်– အကယ်၍ သင်က ပိုက်ဆံအိတ်ထဲမှာ ငွေစုတတ်တဲ့ သူဆိုရင်တော့ အညိုရောင်ကို ဆောင်သင့်ပါတယ်။ မြေဓာတ်ကိုဆောင်ပြီး၊ အစေ့ကိုပျိုးထောင်ရာမှာ အပင်ဖြစ်ထွန်းစေနိုင်တဲ့သဘောရှိလို့ ဝင်ငွေစုဆောင်းဖို့အတွက်၊ တိုးပွားဖို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။

*ပန်းရောင်– ပန်းရောင်ရဲ့ သဘောသဘာဝက စိတ်ကူးယဉ်ဆန်ပြီး၊ လက်တွေ့မဆန်တဲ့သဘောမှာရှိပါတယ်။ ဒ့ါကြောင့် ဝင်ငွေရှာတဲ့နေရာမှာ ဝင်ငွေပွားစေဖို့ ပန်း‌ရောင်ကလဲ ပိုက်ဆံအိတ်အတွက် ရွေးချယ်သင့်တဲ့ အရောင်ထဲ မပါပါဘူးနော်။

*အစိမ်းရောင်- အစိမ်းရောင်ရဲ့ သဘောက ဆန်းသစ်ခြင်း၊ ကြီးထွားခြင်းကို ဆောင်လို့ ဝင်ငွေရှာဖို့အတွက် အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးစေနိုင်လို့ ဆောင်ထားသင့်ပါတယ်နော်။

*အဝါရောင်– အဝါရောင်ကလည်းပဲ ပိုက်ဆံမြဲစေနိုင်မယ့် အရောင်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အဝါရောင်ကြိုက်တတ်တဲ့သူတွေအတွက် နနွင်းဝါရောင်ကို ပိုက်ဆံစုရာမှာအထောက်အပံ့ပေးနိုင်စေဖို့နဲ့ ခေါက်ဆွဲဝါရောင်ကို လာဘ်ရွှင်စေဖို့ အသုံးပြုနိုင်ပါတယ်နော်။

ဒီလိုနည်းလမ်းတွေတိုင်းကို လိုက်လုပ်ဖို့ မဆိုလိုပေမယ့် ကိုယ်နဲ့အဆင်ပြေရာ နည်းလမ်းကို ရွေးချယ်ဆောင်ထားနိုင်တယ်နော်။ ဝင်ငွေတိုးစေမယ့် နည်းလမ်းတွေအများကြီးထဲကမှ အချို့ကို အထောက်အပံ့ဖြစ်စေဖို့ ဖော်ပြလိုက်ရင်း အစစအရာရာ အဆင်ပြေပြီး ဝင်ငွေတိုးကာ လာဘ်လာဘတွေရွှင်ကြပါစေ။

One thought on “အချိန်တိုအတွင်း ငွေရွှင်၊ လာဘ်ရွှင် ငွေဝင်မြဲစေမယ့် နည်းလမ်း

  1. You could certainly see your enthusiasm in the work you write. The world hopes for even more passionate writers like you who are not afraid to say how they believe. Always follow your heart.

Leave a Reply

Your email address will not be published.