fbpx

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး သောကြာနေ့ ပြုလုပ်မည်

အောက်တိုဘာ ၁၄
News Ambassador

မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်ထိပ်သီး အွန်လိုင်းအစည်းအဝေးကို လာမည့်သောကြနေ့တွင် ကျင်းပမည်ဟု အာဆီယံသတင်းရင်းမြစ်၏ပြောကြားချက်အပေါ်မူတည်၍ ထိုင်းသတင်းဌာန Bangkok Post က ဖော်ပြထားသည်။

မြန်မာနိုင်ငံသို အထူးသံတမန်စေလွှတ်ရန် ထပ်တလဲလဲ ဖိတ်ခေါ်နေသော်လည်း စစ်ကောင်စီဘက်က တုံပြန်ခြင်းမရှိသောကြောင့် အာဆီယံအဖွဲဝင်နိုင်ငံအချိုက “အဆိုပါအစည်းအဝေးသို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်အား ဖိတ်ကြားမပြု” ဟု သဘောထားရှိကြရာ ယင်း အဆိုတင်သွင်းချက်ကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟုလည်း ခန့်မှန်းရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် ကို အစည်းအဝေးသို မဖိတ်ကြားရန် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတိုက ပြီးခဲ့သည့် သောကြာနေ့က အာဆီယံအဆင့် အစည်းအဝေးတစ်ခုတွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်အနေဖြင့် ယင်းအစည်းအဝေးသို တက်ရောက်ခွင့်မရှိသော်လည်း စစ်ကောင်စီမှခန့်အပ်ထားသော နိုင်ငံခြားရေး ၀န်ကြီး (သို) အကြီးတန်းအရာရှိများသည် အစည်းအဝေးတွင် ကိုယ်စားပြုပါဝင်နိုင်ကြောင်း သတင်းရင်းမြစ်များကဆိုသည်။

အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့တပ်မတော်အပေါ် ခိုင်မာသောရပ်တည်ချက်ထားရန် အမေရိကန်က ပြင်းပြင်းထန်ထန်တိုက်တွန်းထားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ် ကလည်း အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

ဘရူနိုင်းနိုင်ငံ၏ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံ၏အထူးကိုယ်စားလှယ် ဖြစ်သော ယူဆွတ်စ် ကမူ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ကိုယ်စားပြုမှုကိစ္စနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများအကြား သဘောတူညီမှုမရရှိသေးကြောင်း အောက်တိုဘာ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အထူးသံတမန်က အာဆီယံသည်တရုတ်၊ ဂျပန်နှင့် အမေရိကန်ကဲ့သိုသော တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်များနှင့်လည်း တိုင်ပင်နေကြောင်းပြောကြားခဲ့သည်။

Erywan Yusof က အာဆီယံဘုံသဘောတူညီချက်အရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ပြီးခဲ့သည့် စက်တင်ဘာက မြန်မာနိုင်ငံသို လာရောက်ရန်စီစဉ်ထားသော်လည်း စစ်တပ်အစိုးရသည်၎င်းနှင့်နီးစပ်သောနိုင်ငံရေးပုဂ္ဂိုလ်များ မှလွဲ၍ အစည်းအဝေးများအားအတည်ပြုခြင်းမရှိသောကြောင့်အစီအစဉ်ပျက်သွားခဲ့သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ ဘက်ပေါင်းစုံနှင့်တွေ့ဆုံဆွေးနွေးနေဆဲဖြစ်ကြောင်းကိုမူ အရှေ့တောင်အာရှရှိ သံတမန်ရေးရာသတင်းအရင်းအမြစ်တစ်ခုက အတည်ပြုပေးထားသည်။

ယူဆွတ်စ် သည် အင်္ဂါနေ့ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသိုလာရာ၌ သက်ဆိုင်ရာအခန်းကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပြုရမည်ဟုလည်း ထည့်သွင်းပြောကြားထားသည်။

Photo — Reuters