fbpx

ရေခဲအလေးချိန် ပေါင် ၁၁၀၀၀ ဖြင့်ထုလုပ်ထားပြီး လက်တွေ့မောင်းနှင်နိုင်တဲ့ ရေခဲထရပ်ကား

ဆောင်းရာသီရောက်လာတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုရှိ အချို့သောနေရာဒေသတွေမှာ အပူချိန်က နေ့စဉ် အေးခဲနေပါတယ်။ လူသုံးကုန် ၊ အိမ်တွင်းပစ္စည်းများ နှင့် စက်ကိရိယာများကိုရောင်းချတဲ့ Canadian Tire လို့ခေါ်တဲ့ကုမ္ပဏီဟာ ၎င်းတို့ရဲ့ MotoMaster Eliminator ဘက်ထရီက အေးခဲခြင်းအနုတ် ၄၀ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိပြီး ၎င်းအပူချိန်၌ ယာဉ်တစ်စီးအား လည်ပတ်ပေးနိုင်နေဆဲဖြစ်ကြောင်းကို သက်သေပြခဲ့ကြပါတယ်။ ၎င်းကုမ္ပဏီဟာ ထိုသို့လုပ်ဆောင်ရန်၊ 2005 Chevy Silverado 2500 ကားကိုအသုံးပြုခဲ့ပါတယ်။ ထရပ်ကားအတွက် ကိုယ်ထည်ကို 2005 GMC Silverado မှထုတ်ယူပြီးနောက် စတီးဖရိန်ဖြင့် တပ်ဆင်ခဲ့ပြီးနောက်မှာ ရေခဲကိုယ်ထည်ကားအတွက် ကနေဒါအခြေစိုက် Iceculture ကုမ္ပဏီမှ အနုပညာရှင်များက ရေခဲဖြင့် ထုလုပ်၊ ထည့်သွင်းပေးခဲ့ပြီး ၊ ၎င်းတို့ဟာ အရင်က ဘယ်သူကမှ မလုပ်ဖူးသေးတဲ့အရာတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

နောက်ဆုံးမှာ မောင်းနှင်နိုင်သွားတဲ့၎င်းထရပ်ကားအတွက် ရေခဲ ပေါင်ချိန်ပေါင်း ၁၁၀၀၀ ဖြင့် အသုံးပြု ထုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ လမ်းတွင်းရှိ အခြားအဖုအထစ်များကိုကျော်ဖြတ်ကာ ပြီးပြည့်စုံအောင် မောင်းနှင်နိုင်အောင် ဖန်တီးနိုင်တဲ့စွမ်းရည်က တကယ်ကို အံ့အားသင့်စရာပါဘဲ။ ထို့ပြင် ထိုထရပ်ကားဟာ ကောင်းကောင်းလုပ်ဆောင်နိုင်ပြီး ၎င်းမှာ လင်းနေတဲ့ ဘရိတ်မီးများလည်း ပါရှိနေပါသေးတယ်။ ဒီတော့ Iceculture ကုမ္ပဏီက တာဝန်ယူဖန်တီးထားတဲ့ ရေခဲထရပ်ကားရဲ့အသေးစိတ်ပုံရိပ်များကိုလည်း ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ။

Zawgyi

ေဆာင္းရာသီေရာက္လာတာနဲ႔အမွ် အေမရိကန္ျပည္ေထာင္စုရွိ အခ်ိဳ႕ေသာေနရာေဒသေတြမွာ အပူခ်ိန္က ေန႔စဥ္ ေအးခဲေနပါတယ္။ လူသုံးကုန္ ၊ အိမ္တြင္းပစၥည္းမ်ား ႏွင့္ စက္ကိရိယာမ်ားကိုေရာင္းခ်တဲ့ Canadian Tire လို႔ေခၚတဲ့ကုမၸဏီဟာ ၎တို႔ရဲ႕ MotoMaster Eliminator ဘက္ထရီက ေအးခဲျခင္းအႏုတ္ ၄၀ ဒီဂရီဖာရင္ဟိုက္အထိ ခံႏိုင္ရည္ရွိၿပီး ၎အပူခ်ိန္၌ ယာဥ္တစ္စီးအား လည္ပတ္ေပးႏိုင္ေနဆဲျဖစ္ေၾကာင္းကို သက္ေသျပခဲ့ၾကပါတယ္။ ၎ကုမၸဏီဟာ ထိုသို႔လုပ္ေဆာင္ရန္၊ 2005 Chevy Silverado 2500 ကားကိုအသုံးျပဳခဲ့ပါတယ္။ ထရပ္ကားအတြက္ ကိုယ္ထည္ကို 2005 GMC Silverado မွထုတ္ယူၿပီးေနာက္ စတီးဖရိန္ျဖင့္ တပ္ဆင္ခဲ့ၿပီးေနာက္မွာ ေရခဲကိုယ္ထည္ကားအတြက္ ကေနဒါအေျခစိုက္ Iceculture ကုမၸဏီမွ အႏုပညာရွင္မ်ားက ေရခဲျဖင့္ ထုလုပ္၊ ထည့္သြင္းေပးခဲ့ၿပီး ၊ ၎တို႔ဟာ အရင္က ဘယ္သူကမွ မလုပ္ဖူးေသးတဲ့အရာတစ္ခုကို ဖန္တီးခဲ့ၾကပါတယ္။

ေနာက္ဆုံးမွာ ေမာင္းႏွင္ႏိုင္သြားတဲ့၎ထရပ္ကားအတြက္ ေရခဲ ေပါင္ခ်ိန္ေပါင္း ၁၁၀၀၀ ျဖင့္ အသုံးျပဳ ထုလုပ္ခဲ့ၾကပါတယ္။ ၎တို႔ရဲ႕ လမ္းတြင္းရွိ အျခားအဖုအထစ္မ်ားကိုေက်ာ္ျဖတ္ကာ ၿပီးျပည့္စုံေအာင္ ေမာင္းႏွင္ႏိုင္ေအာင္ ဖန္တီးႏိုင္တဲ့စြမ္းရည္က တကယ္ကို အံ့အားသင့္စရာပါဘဲ။ ထို႔ျပင္ ထိုထရပ္ကားဟာ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ၿပီး ၎မွာ လင္းေနတဲ့ ဘရိတ္မီးမ်ားလည္း ပါရွိေနပါေသးတယ္။ ဒီေတာ့ Iceculture ကုမၸဏီက တာဝန္ယူဖန္တီးထားတဲ့ ေရခဲထရပ္ကားရဲ႕အေသးစိတ္ပုံရိပ္မ်ားကိုလည္း ဆက္လက္ၾကည့္ရႈသြားခဲ့ၾကပါအုံးဗ်ာ။

Crd KBChimmy Channel