fbpx

ဒီမိုကရေစီသူရဲကောင်းဆုကို တစ်ခမ်းတစ်နားဖြင့် သံအမတ်ကြီးဦးကျော်မိုးထွန်းလက်ခံရယူမည်

အောက်တိုဘာ (၁၉) ရက် ယနေ့ညနေပိုင်းတွင် International Republican Institute (IRI) က အဖွဲ့ကြီးမှ ချီးမြှင့်ဂုဏ်ပြုထားသော Freedom Award (ဒီမိုကရေစီသူရဲကောင်းဆု) အတွက် ဦးကျော်မိုးထွန်းကိုချီးမြှင့်မည့်အခန်းအနားကို အမေရိကန်တွင်ကျင်းပမည်ဟု IRI အဖွဲ့မှ သတင်းထုတ်ပြန်။

ထိုဆုကို ၁၉၉၅ ခုနှစ်တွင် IRI အဖွဲ့ကြီးမှ စတင်ချီးမြှင့်ခဲ့ရာ နှစ်များတစ်လျှောက် မေရိကန်ခေါင်းဆောင်ဟောင်းများဖြစ်ကြသော သမ္မတ Ronald Reagan ၊ သမ္မတ George H.W Bush ၊ သမ္မတ George W. Bush ၊ လိုက်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf ၊

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Natan Sharansky နှင့် ပြည်နယ်အတွင်းဝန်ဟောင်း Henry A. Kissinger, George P. Shultz နှင့် James A. Baker တို့ကိုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိထားသည်။

(Zawgyi Version)


