fbpx

ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ

အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ကြား သဘောတူညီချက်ရပြီလို့ NUG ဘက်က ဒီနေ့ မေလ ၂၉ ရက်မှာ ကြေညာလာပါတယ်။

တန်းတူရေးအခြေခံပြီး အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့အပြင် တခြားအရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေအတွက်လည်း ပါဝင်တယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ကာကွယ်ရေးဝန်ကြီးတို့၊ ချင်းအမျိုးသားတပ်ဦး (CNF)ဘက်က ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌတွေနဲ့ အထွေထွေအတွင်းရေးမှူးတို့ ပါဝင်လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် သင်တန်းဆင်းပြီးနောက်တစ်နေ့မှာ အခုလိုသတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

CNF ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းဟာ NUG အစိုးရရဲ့ ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားသူဖြစ်ပါတယ်။

#Zawgyi

အာဏာရွင္စနစ္ဆန႔္က်င္ေတာ္လွန္ေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီစနစ္ေဖာ္ေဆာင္က်င့္သုံးေရးတို႔အတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)နဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး(CNF)တို႔ၾကား သေဘာတူညီခ်က္ရၿပီလို႔ NUG ဘက္က ဒီေန႔ ေမလ ၂၉ ရက္မွာ ေၾကညာလာပါတယ္။

တန္းတူေရးအေျခခံၿပီး အျပန္အလွန္အသိအမွတ္ျပဳမႈ၊ ေလးစားမႈေတြနဲ႔ လက္တြဲေဆာင္႐ြက္သြားဖို႔အျပင္ တျခားအေရးႀကီးတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကိစၥေတြအတြက္လည္း ပါဝင္တယ္လို႔လည္း ဆိုပါတယ္။

ႏွစ္ဖက္သေဘာတူညီခ်က္ကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဘက္မွ ႏိုင္ငံေတာ္ ဒုတိယ သမၼတ ဒူဝါလရွီးလ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း၊ ႏိုင္ငံျခားေရး၊ ျပည္ထဲေရးနဲ႔ကာကြယ္ေရးဝန္ႀကီးတို႔၊ ခ်င္းအမ်ိဳးသားတပ္ဦး (CNF)ဘက္က ဥကၠ႒ ပူးဇင္က်ဳံး၊ ဒု-ဥကၠဌေတြနဲ႔ အေထြေထြအတြင္းေရးမႉးတို႔ ပါဝင္လက္မွတ္ထိုးခဲ့တယ္လို႔ ဆိုပါတယ္။

NUG အစိုးရလက္ေအာက္က ျပည္သူ႔ကာကြယ္ေရးတပ္ သင္တန္းဆင္းၿပီးေနာက္တစ္ေန႔မွာ အခုလိုသတင္းထုတ္ျပန္လာတာလည္းျဖစ္ပါတယ္။

CNF ရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ လ်န္မႈန္းဆာေခါင္းဟာ NUG အစိုးရရဲ႕ ဖက္ဒရယ္ေရးရာ ျပည္ေထာင္စုဝန္ႀကီးတာဝန္ယူထားသူျဖစ္ပါတယ္။