fbpx

အာဏာသိမ်းပြီးနောက် အကြောင်းမဲ့ဖမ်းခံထားရသူတစ်ချို့ကို သဘာဝဘေးပုဒ်မဖြင့် ထောင်တစ်နှစ်စီချ

မဲခေါင်၊ စက်တင်ဘာ ၂၈

တာချီလိတ်မြို မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၏ ဇနီးအပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက် တာချီလိတ်မြိုမှ အကြောင်းမဲ့ ဖမ်းဆီးခံရသူတချိုကို တာချီလိတ်မြိုနယ်တရားရုံးက သဘာဝဘေးဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ဦးတင့်ဆွေ၊ ဦးဝင်းကျော်(ခ)ဝေမိုး၊ ဦးမြတ်မင်းအောင်၊ အောင်ဇေယျာဖြိုး၊ ခွန်ပြူး၊ ဦးကျော်မြင့်၊ ဦးအောင်မြတ်၊ ဒေါ်ခင်မာဦးနှင့် ဇော်သူရှိန်(ခ) ဇော်ဇော်တိုကို တာချီလိတ်မြိုနယ် တရားရုံးက စက်တင်ဘာလ ၂၃ရက်က သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ဖြင့် ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။

“စစ်တာက ကျိုင်းတုံအကျဉ်းထောင်မှာ တာချီလိတ်မြိုနယ်တရားရုံးက သွားစစ်တာပေါ့။ အားလုံး ၉ ဦးကို ထောင်ဒဏ်တစ်နှစ်စီချလိုက်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသူများမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဖမ်းဆီးခံရသူများဖြစ်သည်။

ဦးတင့်ဆွေသည် စစ်တပ်အာဏာမသိမ်းမီ COVID-19 တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ပါဝင်လုပ်ဆောင်ခဲ့သည့် ပရဟိတသမား တစ်ဦးဖြစ်သည်။ နောက်ထပ် အခြားအမှုများဖြင့် တရားစွဲဆိုထားခြင်း ရှိ၊ မရှိကို မသိရသေးပေ။

Zawgyi

မဲေခါင္၊ စက္တင္ဘာ ၂၈

တာခ်ီလိတ္ၿမိဳ မဇၩိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၏ ဇနီးအပါအဝင္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ တာခ်ီလိတ္ၿမိဳမွ အေၾကာင္းမဲ့ ဖမ္းဆီးခံရသူတခ်ိဳကို တာခ်ီလိတ္ၿမိဳနယ္တရား႐ုံးက သဘာဝေဘးဥပေဒျဖင့္ ေထာင္ဒဏ္တစ္ႏွစ္စီ ခ်မွတ္လိုက္ေၾကာင္း စုံစမ္းသိရသည္။

ဦးတင့္ေဆြ၊ ဦးဝင္းေက်ာ္(ခ)ေဝမိုး၊ ဦးျမတ္မင္းေအာင္၊ ေအာင္ေဇယ်ာၿဖိဳး၊ ခြန္ျပဴး၊ ဦးေက်ာ္ျမင့္၊ ဦးေအာင္ျမတ္၊ ေဒၚခင္မာဦးႏွင့္ ေဇာ္သူရွိန္(ခ) ေဇာ္ေဇာ္တိုကို တာခ်ီလိတ္ၿမိဳနယ္ တရား႐ုံးက စက္တင္ဘာလ ၂၃ရက္က သဘာဝေဘးစီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ျဖင့္ ေထာင္ဒဏ္ တစ္ႏွစ္စီခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက မဲေခါင္ကိုေျပာသည္။

“စစ္တာက က်ိဳင္းတုံအက်ဥ္းေထာင္မွာ တာခ်ီလိတ္ၿမိဳနယ္တရား႐ုံးက သြားစစ္တာေပါ့။ အားလုံး ၉ ဦးကို ေထာင္ဒဏ္တစ္ႏွစ္စီခ်လိုက္တာပါ” ဟု ၎က ေျပာသည္။
အဆိုပါ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံရသူမ်ားမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ နိုင္ငံအႏွံ ဆႏၵျပပြဲမ်ား ျဖစ္ပြားေနသည့္ ေဖေဖာ္ဝါရီလႏွင့္ မတ္လအတြင္း ဖမ္းဆီးခံရသူမ်ားျဖစ္သည္။

ဦးတင့္ေဆြသည္ စစ္တပ္အာဏာမသိမ္းမီ COVID-19 တားဆီး၊ ကာကြယ္၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားတြင္ ေရွ႕တန္းမွ ပါဝင္လုပ္ေဆာင္ခဲ့သည့္ ပရဟိတသမား တစ္ဦးျဖစ္သည္။ ေနာက္ထပ္ အျခားအမႈမ်ားျဖင့္ တရားစြဲဆိုထားျခင္း ရွိ၊ မရွိကို မသိရေသးေပ။