fbpx
သက်ဆိုင်ရာမိသားစုမှ မေတ္တာရပ်ခံလာတဲ့ သတင်းအမှားများ ဖွမှုကြောင့် အခက်အခဲများနဲ့ရင်ဆိုင်နေရတဲ့ ပြေတီဦးနဲ့ မအူဝဲတို့ရဲ့အကြောင်း
ပရိတ်သတ်ကြီးနဲ့ ပြည်သူများခင်ဗျာ အခုလိုအချိန်မှာ သတင်းအမှားတွေကြောင့် ဒုက္ခရောက်နေရသူတွေ အများအပြား ရှိနေပါတယ်။ဒါပေမယ့်လည်း လူတချို့က သတင်းတခုကို တိတိကျကျ မသိပဲ ဖွနေသလို လုပ်နေ ဖြစ်နေတာတွေကြောင့် ကာယကံရှင်များမှာ မူလထက် ပိုပြီးဆိုးသော အခက်အခဲတွေကို ကြုံတွေ့နေရတယ် လို့ သိရှိရပါတယ်။အခုတခါမှာလည်း သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ လွတ်မယ်လွှတ်တော့မယ် ဆိုပြီး ကြောငြာလိုက်ပြီ စသည်ဖြင့် မခိုင်လုံသောသတင်းတွေ အကြိမ်ကြိမ် ဖွနေကြတာကို တွေ့ရပါတယ်။
ဒိလို သတင်းအမှားများ ဖွလိုက်ခြင်းကြောင့် သူတို့မှာ အကျဉ်းထောင်ထဲမှာ နေရထိုင်ရ ပိုမိုကျပ်တည်း စေပါတယ် ပိုပြီး တင်းကြပ်ခံရတာမျိုးတွေ ရှိလာစေပါတယ်။နောက်ပြီးတော့ လူစိတ်ဝင်စားမှု များသောသူ ကျော်ကြားသောလူတွေဟာ ပိုပြီးကြာကြာ ဖမ်းဆီးထိမ်းသိမ်းထားခံရပြီး ပြန်လည်လွတ်မြောက်လာရန် အခွင့်အလမ်းဟာ လျော့ကျ လာစေပါတယ်။
ပြေတီဦးရဲ့မိသားစုအနေနဲ့ ပြေတီဦးတို့ ဇနီးမောင်နှံအကြောင်း သတင်းအမှားတွေ မလွှင့်ကြဖို့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်ကိုယ်စား တောင်းပန်ထားပေမယ့် မသမာသူလူတချို့ကြောင့် အခုလို ဒုက္ခရောက်ရတာပဲ ဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ သူတို့ကိုတကယ် ကိုယ်ချင်းစာတယ် ချစ်ကြတယ်ဆိုရင်ဖြင့် မရေမရာ သတင်းများအား ထပ်ဆင့် ရှယ်ခြင်း ဖြန့်ခြင်းများ မပြုလုပ်မိကြစေဖို့ မိသားစုကလည်း မေတ္တာရပ်ခံထားပါတယ်နော်။
ထို့ကြောင့် ပြေတီဦးအိန္ဒြာကျော်ဇင်တို့ နှင့်တကွ အနုပညာရှင်များ၊ အာဏာရှင်ဖီဆန်ရင်း ဖမ်းဆီးခံထားရသောသူများအား ကိုယ်ချင်းစာကာ ပြန်လည်လွတ်မြောက် စေချင်ကြတယ်ဆိုရင်ဖြင့် သတင်းများကို သတိထားစေချင်ပါတယ်နော်။ပြည်သူပြည်သား အားလုံး လိုလားတောင့်တသော နေ့ရက်များအား အမြန်ဆုံး ပိုင်ဆိုင်နိုင်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြသူများ ဖြစ်ကြပါစေသော။
Zawgyi Version