fbpx

စစ်ကောင်စီ ကြောင့်အစအနပျောက်ဆုံးနေသူ ၇၅ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း နွေဦးတော်လှန်ရေးမှာ စုံစမ်း ရှာဖွေမရဘဲ အစအနပျောက်ဆုံးနေသူအရေအတွက်ဟာ ၇၅ ယောက်ထိ ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

သူတို့ထဲက လုံးဝ ပျောက်ဆုံးနေသူ ၁၉ ယောက်ရှိနေပြီး ယင်းမာပင်၊ ကနီမြို့နယ်တွေမှာ အာဏာသိမ်းစစ်အုပ်စုက ရွာထဲကို အကြမ်းဖက် ဝင်ရောက် စီးနင်းပစ်ခတ်တာကြောင့် ထွက်ပြေးရင်း ပျောက်ဆုံးသွားသူ ၁၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

မမိုးဆန်းစုကြည် အပါအဝင် ၄ ယောက်ကတော့ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတာ သေချာပြီးနောက် အစအန ပျောက်ဆုံးနေသူ  ၄ ယောက်ရှိနေပြီး အဲဒီထဲက ၃ ယောက်က CDM ထောက်ပံ့မှု၊ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်မှုတွေနဲ့ ဖမ်းဆီးခံရပြီး မြောင်းမြထောင်ကို ပို့မယ်လို့ သတင်းကြားရပေမယ့် ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘဲ အစအန ပျောက်ဆုံးနေကာ ၁ ယောက်ကတော့ ယင်းမာပင်မြို့မှာ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

၂၄ ယောက်ကတော့ နေအိမ်တွေကနေ အကြောင်းကိစ္စ တခုခုနဲ့ အပြင်ကို ထွက် သွားပြီး ရက်ပေါင်းများစွာအထိ အိမ်ပြန်မရောက်သူတွေဖြစ်ကာ သူတို့ထဲမှာ ဆန္ဒထုတ် ဖော်ရာမှာ ပါဝင်ဖို့ နေအိမ်က ထွက်သွားသူတွေ၊ ဘဏ်တွေမှာ ငွေသွားထုတ်သူတွေ၊ ဈေးဝယ်ထွက်သူတွေ၊ အစားအစာ ထွက်စားသူတွေလည်း ပါဝင်နေတယ်လို့ အေအေပီပီက ဆိုပါတယ်။

AAPP reoprt for Myanmar

နောက်ထပ် ၂၈ ယောက်ကတော့ အဖမ်းရတာ သေချာပေမယ့် ဘယ်နေရာမှာ ချုပ် နှောင်ထားတယ်ဆိုတာ မိသားစုက မသိရှိရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁ ယောက်ကတော့ စစ်အုပ်စုက ပစ်ခတ်လို့ သေနတ်မှန်ခဲ့ပြီး သူ့ကို ဒရွတ်တိုက် ဆွဲခေါ်ခံခဲ့ ရကာ ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအရေအတွက်ဟာ အေအေပီပီက အချက်အလက်ကောက်ယူ စုဆောင်းထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် အစဖျောက်ခံရသူတွေဟာ အခုထက်ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

       ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို သိမ်းယူပြီးချိန်ကစတင်ကာ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ပစ်တာ တွေအပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို အစဉ်တစိုက် ကျူးလွန်နေပြီး တရားမဲ့ ဖမ်းဆီးတာ၊ အလောင်းဖျောက်ဖျက်ပစ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ပြည်သူတွေဟာ နေအိမ်ဆီ ပြန်မရောက်နိုင်ကြသလို စုံစမ်းရှာဖွေမရဘဲ ပျောက်ဆုံးနေတာတွေ ရှိနေပါတယ်။

အစအနပျောက်ဆုံးသူတွေထဲ တချို့က အသက်သေဆုံးသွားခဲ့သူတွေ ရှိနိုင်သလို တချို့ကတော့ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာလည်း ရှိနေနိုင်ပြီး ဒါဟာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးပြီးနောက် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မဖော်ပြတာ၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်မပြုတာ၊ သက်ဆိုင်ရာ မိသား စုဆီ အကြောင်းကြားမှု မရှိတာတွေက အဓိကအချက်တွေဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

#Zawgyi

ျမန္မာႏိုင္ငံမွာ မတရားစစ္အာဏာသိမ္းမႈကာလအတြင္း ေႏြဦးေတာ္လွန္ေရးမွာ စုံစမ္း ရွာေဖြမရဘဲ အစအနေပ်ာက္ဆုံးေနသူအေရအတြက္ဟာ ၇၅ ေယာက္ထိ ရွိေနတယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)က သတင္းထုတ္ျပန္ပါတယ္။

သူတို႔ထဲက လုံးဝ ေပ်ာက္ဆုံးေနသူ ၁၉ ေယာက္ရွိေနၿပီး ယင္းမာပင္၊ ကနီၿမိဳ႕နယ္ေတြမွာ အာဏာသိမ္းစစ္အုပ္စုက ႐ြာထဲကို အၾကမ္းဖက္ ဝင္ေရာက္ စီးနင္းပစ္ခတ္တာေၾကာင့္ ထြက္ေျပးရင္း ေပ်ာက္ဆုံးသြားသူ ၁၄ ေယာက္ ပါဝင္တယ္လို႔ ဆိုပါတယ္။

မမိုးဆန္းစုၾကည္ အပါအဝင္ ၄ ေယာက္ကေတာ့ သူတို႔ တိမ္းေရွာင္ေနတဲ့ ေနအိမ္ကေန ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးခံရတာ ေသခ်ာၿပီးေနာက္ အစအန ေပ်ာက္ဆုံးေနသူ ၄ ေယာက္ရွိေနၿပီး အဲဒီထဲက ၃ ေယာက္က CDM ေထာက္ပံ့မႈ၊ ဆႏၵထုတ္ေဖာ္ပြဲမွာ ပါဝင္မႈေတြနဲ႔ ဖမ္းဆီးခံရၿပီး ေျမာင္းျမေထာင္ကို ပို႔မယ္လို႔ သတင္းၾကားရေပမယ့္ ဒီကေန႔အထိ မိသားစုနဲ႔ အဆက္အသြယ္ မရဘဲ အစအန ေပ်ာက္ဆုံးေနကာ ၁ ေယာက္ကေတာ့ ယင္းမာပင္ၿမိဳ႕မွာ ဖမ္းဆီးခံရၿပီး မိသားစုနဲ႔ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။

၂၄ ေယာက္ကေတာ့ ေနအိမ္ေတြကေန အေၾကာင္းကိစၥ တခုခုနဲ႔ အျပင္ကို ထြက္ သြားၿပီး ရက္ေပါင္းမ်ားစြာအထိ အိမ္ျပန္မေရာက္သူေတြျဖစ္ကာ သူတို႔ထဲမွာ ဆႏၵထုတ္ ေဖာ္ရာမွာ ပါဝင္ဖို႔ ေနအိမ္က ထြက္သြားသူေတြ၊ ဘဏ္ေတြမွာ ေငြသြားထုတ္သူေတြ၊ ေဈးဝယ္ထြက္သူေတြ၊ အစားအစာ ထြက္စားသူေတြလည္း ပါဝင္ေနတယ္လို႔ ေအေအပီပီက ဆိုပါတယ္။

ေနာက္ထပ္ ၂၈ ေယာက္ကေတာ့ အဖမ္းရတာ ေသခ်ာေပမယ့္ ဘယ္ေနရာမွာ ခ်ဳပ္ ေႏွာင္ထားတယ္ဆိုတာ မိသားစုက မသိရွိရသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီထဲက ၁ ေယာက္ကေတာ့ စစ္အုပ္စုက ပစ္ခတ္လို႔ ေသနတ္မွန္ခဲ့ၿပီး သူ႔ကို ဒ႐ြတ္တိုက္ ဆြဲေခၚခံခဲ့ ရကာ ဒီကေန႔အထိ မိသားစုနဲ႔ အဆက္အသြယ္မရပဲ ေပ်ာက္ဆုံးေနခဲ့သူျဖစ္တယ္လို႔ဆိုပါတယ္။

အဆိုပါအေရအတြက္ဟာ ေအေအပီပီက အခ်က္အလက္ေကာက္ယူ စုေဆာင္းထားတဲ့ အေရအတြက္ျဖစ္ၿပီး အမွန္တကယ္ အစေဖ်ာက္ခံရသူေတြဟာ အခုထက္ပိုမ်ားႏိုင္ေၾကာင္းလည္း ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔၊ အၾကမ္းဖက္စစ္အုပ္စုက ႏိုင္ငံေတာ္အာဏာကို သိမ္းယူၿပီးခ်ိန္ကစတင္ကာ ျပည္သူလူထုအေပၚ ညႇဥ္းပန္းႏွိပ္စက္တာေတြ၊ သတ္ပစ္တာ ေတြအပါအဝင္ ႀကီးေလးတဲ့ ရာဇဝတ္မႈေတြကို အစဥ္တစိုက္ က်ဴးလြန္ေနၿပီး တရားမဲ့ ဖမ္းဆီးတာ၊ အေလာင္းေဖ်ာက္ဖ်က္ပစ္တာေတြလည္း ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္မို႔ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္သူ ျပည္သူေတြဟာ ေနအိမ္ဆီ ျပန္မေရာက္ႏိုင္ၾကသလို စုံစမ္းရွာေဖြမရဘဲ ေပ်ာက္ဆုံးေနတာေတြ ရွိေနပါတယ္။

အစအနေပ်ာက္ဆုံးသူေတြထဲ တခ်ိဳ႕က အသက္ေသဆုံးသြားခဲ့သူေတြ ရွိႏိုင္သလို တခ်ိဳ႕ကေတာ့ အက်ဥ္းေထာင္ေတြ၊ စစ္ေၾကာေရးစခန္းေတြမွာလည္း ရွိေနႏိုင္ၿပီး ဒါဟာ အာဏာသိမ္းစစ္အုပ္စုက ျပည္သူေတြကို ဖမ္းဆီးၿပီးေနာက္ ဘယ္ေနရာမွာ ထိန္းသိမ္းထားတယ္ဆိုတာကို မေဖာ္ျပတာ၊ ေရွ႕ေနနဲ႔ ေတြ႕ဆုံခြင့္မျပဳတာ၊ သက္ဆိုင္ရာ မိသား စုဆီ အေၾကာင္းၾကားမႈ မရွိတာေတြက အဓိကအခ်က္ေတြျဖစ္တယ္လို႔ ေအေအပီပီက ဆိုပါတယ္။