fbpx

၁၅ နှစ်ကြာမှပြန်တွေရပေမဲ့ သူ့ရဲ့အဖော်ကိုမမေ့ဘဲ ချက်ချင်းအကြာကြီးပွေ့ဖက်ခဲ့တဲ့ မျောက်ဝံကြီးတစ်ကောင်

နှစ်တွေကြာလာတဲ့အခါမှာတောင် ၎င်းတို့ရဲ့လူသားအဖော်ကို တိရိစ္ဆာန်တွေက မှတ်မိနိုင်တဲ့အံ့သြစရာအဖြစ်အပျက်တွေ အများ ကြီးရှိပါတယ်။ ဤ Tansy-Djalta တို့ရဲ့ဆက်ဆံရေးကလည်း သေချာပေါက် ၎င်းတို့ထဲမှတစ်ခုဖြစ်ပါတယ်။

Djalta ဟု ခေ်တဲ့ဂေါ်ရီလာ မျောက်ဝံတစ်ကောင်ဟာ Tansy နဲ့ဆယ်စုနှစ်တစ်ခုကျော်မတွေ့ဖူးတော့ပေမဲ့လည်း ၎င်းတို့ရဲ့ဆက်ဆံရေးက ပြတ်တောက်မသွား တာကိုသက်သေပြခဲ့ပါတယ်။

Djalta ဟာ Tansy ရဲ့ငယ်စဉ်ကပင် ပထမဆုံး တွေ့ဆုံခဲ့တာပါ။ Tansy ဟာ နာမည်ကျော် ထိန်းသိမ်း ရေးသမား Damian Aspinall ၏ အကြီးဆုံးသမီးဖြစ်ပြီး Djalta ဟာ Kent ရှိ Aspinall’s Howlett Wild Animal Park တွင် Tansy ရဲ့ ငယ်စဉ်ကလေးဘဝက သူမနဲ့မကြာခဏဆော့ကစားလေ့ရှိသည့်တောရိုင်းတိရိစ္ဆာန်များထဲမှတစ်ကောင်ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံး တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် ဤအငြင်းပွါးဖွယ်ဓာတ်ပုံများဟာ Djalta ဟုခေါ်တဲ့မျောက်ဝံတစ်ကောင်က 18 လသားအရွယ်သာရှိသေးတဲ့ Tansy အမည်ရှိကလေးမလေးကိုပွေ့ဖက်နေပုံကိုပြသထားပါတယ်။
သို့သော် 2002 ခုနှစ်တွင် Djalta ကို အနောက်အာဖရိကရှိတောရိုင်းထဲသို့ ပြန်လွှတ်ပေးခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းတို့ဟာ ကွဲကွာသွားခဲ့ကြပါတယ်။

15 နှစ်အကြာမှာတော့ Tansy နှင့် Djalta တို့ဟာ Gabon ရှိ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတစ်ခုတွင် ကြည်နူးဖွယ်ပြန်လည်ဆုံ ဆည်းမှုတစ်ခုတွင် ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အံ့သြစရာကောင်းတာက၊ Djalta ဟာ Tansy ကို နောက်ဆုံးတွေ့ခဲ့တာ 15 နှစ် လောက်ရှိပြီဖြစ်ပေမယ့် Tansy ကိုတွေ့တဲ့အခါ ချက်ချင်းမှတ်မိနေခဲ့ပါတယ်။

Tansy ဟာ ဖခင်ဖြစ်သူနှင့်အတူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ရောက်လာပြီး ရုတ်တရက် Djalta ကိုမြစ်ကမ်းဘေးတွင် တွေ့ လိုက်ရတဲ့အခါ Djalta ကို နာရီပေါင်းများစွာ ရှာဖွေခဲ့ကြပါတယ်။ Tansy ဟာ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသို့လာရောက် လည်ပတ်တဲ့အချိနိမှာ Djalta က သူမရောက်ရှိနေခြင်းကိုသတိမထားမိခဲ့ပါဘူး။ နောက်ဆုံး Djalta ဟာ Tansy အား အနီးကပ်တွေ့ဆုံတဲ့အချိန်မှ သူမကိုမှတ်မိသွားခဲ့ပြီး အကြာကြီးပွေ့ဖက်ပေးနေခဲ့ပါတယ်။ ထိုစဉ်က လက်ဝတ်ရတနာဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတဲ့ အသက် 25 နှစ်ရှိပြီဖြစ်တဲ့ Tansy က “ သူတို့က ကျွန်မကို သိနေရုံတင်မကဘဲ သူ တို့ရဲ့မျက်နှာတွေမှာလည်း ဒီလို နူးညံ့သိမ်မွေ့တဲ့အမူအရာတွေရှိနေပြီး အဲ့တာတွေက ကျွန်မကိုလုံခြုံသလိုဖြစ်စေတာက အရမ်းအံ့သြဖို့ ကောင်းတယ်၊ အဓိကက ကျွန်မလည်း သူတို့ကို ကြောက်နေသလို ခံစားချက်မျိုးလုံးဝမခံစားခဲ့ရဘူး ” ဟုဆိုခဲ့ပါတယ်။

လေ့လာမှုတွေ့ရှိချက်များအရ မျောက်ဝံတွေက လူမှုဆက်ဆံရေးမြင့်မားသော တိရိစ္ဆာန်များဖြစ်ပြီး ၎င်းတို့အုပ်စုရှိတစ်ကောင်ချင်းစီနှင့်လည်း နီးကပ်တဲ့ ဆက်ဆံမှုတွေရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ၎င်းတို့ဟာ အဖော်တစ်ယောက်ဆုံးရှုံးလိုက်ရခြင်းအတွက် ဝမ်းနည်းပူဆွေးငိုကြွေးတတ်ကြတာကိုလည်းတွေ့ရှိခဲ့ပါတယ်။ ထို့ကြောင့် Tansy က Djalta ရဲ့ကစားဖော်နှင့် အခင်ဆုံးသူငယ်ချင်းဖြစ်နေတာကြောင့် ၎င်းတို့ရဲ့အတိတ်ကိုရင်းနှီးလာခဲ့သည့်အမှတ်ရစရာ များကိုလည်း ဖြစ်ပေါ်လာစေခဲ့ပုံရပါတယ်။