fbpx

လားရှိုးမီးလောင်မှုအဘိုးအဘွားဇနီးမောင်နှံ သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ၁၁ နယ်မြေ ၄ ရှိ ခြံဝင်းတစ်ခုထဲမှာ ဇွန်လ ၄ ရက် ဒီကနေ့မနက် ၃ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်သွားသလို အဘိုးအဘွား ဇနီးမောင်နှံလည်း သေဆုံးသွား ပါတယ်။

မီးလောင်ကြောင်းသတင်းကြားသိတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ကူညီ ငြှိမ်းသတ်ခဲ့ရာမှာ မနက် ၄ နာရီခွဲလောက်မှာ မီးငြိမ်းသွားပေမယ့် ဝင်းထဲက နေအိမ် ၂ လုံးစလုံး လောင်ကျွမ်းသွားသလို အသက် ၆၀ ကျော် အဘိုးအဘွား နှစ်ယောက် ဆုံးသွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လားရှိုး) မှ အဖွဲ့ဝင် စိုင်းညီညီဟန်က ဒီဗွီဘီကို ပြောပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၁၁ နယ်မြေ

“မီးသတ်ကား ၆ စီး အရန် မီးသတ်တွေရော ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပါ အင်အား ၃၀ ကျော်နဲ့ သွားငြှိမ်းကြတယ်။ သူက မြို့ပြင်ဘက်ကျတော့ ကျနော်တို့ရောက်သွားချိန်မှာ ၅၀ ရာခိုင်နှုန်း လောက် လောင်ပြီးနေပြီ၊ အရှိန်လည်းတော်တော်ပြင်းပါတယ်။ အဘိုးအဘွားက မီးလောင်ဒဏ်ရာ တွေနဲ့ သေဆုံးနေပြီ၊ မီးက မနက် ၄ နာရီခွဲလောက်မှာ ငြိမ်းသွားပါတယ်၊ အထဲက ဘာပစ္စည်းမှ မရလိုက်ဘူး၊ ဘာကြောင့်လောင်ရသလဲဆိုတာလည်း မသိသေးပါဘူးခင်ဗျ။”

မီးလောင်သွားတဲ့နေအိမ်မှာ ခြံဝင်းတစ်ခုထဲရှိ နှစ်ထပ်ပျဉ်ထောင်အိမ်နဲ့ ထရံကပ်အိမ်တို့ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကိုတော့ သက်ဆိုင်ရာကတွက်ချက်နေပါတယ်။ မီးလောင်မှုကြောင့် ကျန်မိသားစုဝင် ၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါတယ်။
#Zawgyi
ရွမ္းျပည္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ ရပ္ကြက္ ၁၁ နယ္ေျမ ၄ ရွိ ၿခံဝင္းတစ္ခုထဲမွာ ဇြန္လ ၄ ရက္ ဒီကေန႔မနက္ ၃ နာရီခြဲေလာက္က မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္ ၂ လုံး မီးေလာင္သြားသလို အဘိုးအဘြား ဇနီးေမာင္ႏွံလည္း ေသဆုံးသြား ပါတယ္။

မီးေလာင္ေၾကာင္းသတင္းၾကားသိတာနဲ႔ မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔အတူ သြားေရာက္ကူညီ ျငႇိမ္းသတ္ခဲ့ရာမွာ မနက္ ၄ နာရီခြဲေလာက္မွာ မီးၿငိမ္းသြားေပမယ့္ ဝင္းထဲက ေနအိမ္ ၂ လုံးစလုံး ေလာင္ကြၽမ္းသြားသလို အသက္ ၆၀ ေက်ာ္ အဘိုးအဘြား ႏွစ္ေယာက္ ဆုံးသြားတယ္လို႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (လားရႈိး) မွ အဖြဲ႕ဝင္ စိုင္းညီညီဟန္က ဒီဗြီဘီကို ေျပာပါတယ္။

“မီးသတ္ကား ၆ စီး အရန္ မီးသတ္ေတြေရာ ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ပါ အင္အား ၃၀ ေက်ာ္နဲ႔ သြားျငႇိမ္းၾကတယ္။ သူက ၿမိဳ႕ျပင္ဘက္က်ေတာ့ က်ေနာ္တို႔ေရာက္သြားခ်ိန္မွာ ၅၀ ရာခိုင္ႏႈန္း ေလာက္ ေလာင္ၿပီးေနၿပီ၊ အရွိန္လည္းေတာ္ေတာ္ျပင္းပါတယ္။ အဘိုးအဘြားက မီးေလာင္ဒဏ္ရာ ေတြနဲ႔ ေသဆုံးေနၿပီ၊ မီးက မနက္ ၄ နာရီခြဲေလာက္မွာ ၿငိမ္းသြားပါတယ္၊ အထဲက ဘာပစၥည္းမွ မရလိုက္ဘူး၊ ဘာေၾကာင့္ေလာင္ရသလဲဆိုတာလည္း မသိေသးပါဘူးခင္ဗ်။”

မီးေလာင္သြားတဲ့ေနအိမ္မွာ ၿခံဝင္းတစ္ခုထဲရွိ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္နဲ႔ ထရံကပ္အိမ္တို႔ ျဖစ္ၿပီး ဆုံးရႈံးမႈတန္ဖိုး ကိုေတာ့ သက္ဆိုင္ရာကတြက္ခ်က္ေနပါတယ္။ မီးေလာင္မႈေၾကာင့္ က်န္မိသားစုဝင္ ၅ ဦး အိုးမဲ့အိမ္မဲ့ျဖစ္သြားၾကပါတယ္။