fbpx

2021 မှာ အာကာသထဲရောက်မဲ့ မြန်မာတို့ရဲ့ “လောကနတ်-၁”

၂၀၂၀ အောက်တိုဘာ ၂၁ ရက်နေ့တွင် တည်ဆောက်ပီးစီးခဲ့တဲ့ လောကနတ်-၁ (MMSATS-1)ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် လွှတ်တင်မည်ပြီး မတ်လတွင် ဂြိုဟ်တုပတ်လမ်းဆီသို့ ရောက်ရှိ မည်ဖြစ်သည်။မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု လောကနတ်-၁ (MMSATS-1)ကို ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ပြီး တည်ဆောက်ပြီးစီးသွားလို့ Japan Aerospace Exploration Agency ကို လွှဲပေးလိုက်ကြောင်း ဂြိုဟ်တုဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောခဲ့ပါတယ်။။


အနိမ့်ပျံအသေးစားဂြိုဟ်တု သည် စိုက်ပျိုးရေးဆိုင်ရာ၊ သစ် တောဆိုင်ရာ၊ မြို့ရွာစီမံကိန်းရေး ဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေ ကြောင်းနှင့် သမုဒ္ဒရာပညာရပ် ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက် ပစ္စည်းနှင့် ဓာတ်သတ္တုရှာဖွေခြင်း ဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်း အမြစ်ဆိုင်ရာ၊ သဘာဝဘေးစီမံ ခန့်ခွဲခြင်းဆိုင်ရာစသည့် နယ်ပယ် မျိုးတွင် အသုံးချမည့်ဂြိုဟ်တုဖြစ် သည်။

မြန်မာနိုင်ငံသည် အနိမ့်ပျံ အသေးစားဂြိုဟ်တုနှစ်လုံးကို တည်ဆောက်လွှတ်တင်မည်ဖြစ် ပြီး ဂြိုဟ်တုတည်ဆောက်ခြင်း နှင့်ပတ်သက်သည့် နည်းပညာကို လည်း ဂျပန်နိုင်ငံမှ လွှဲပြောင်းသင် ယူမည် ဖြစ်သည်။ယင်းဂြိုဟ်တု နှစ်လုံးလွှတ် တင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ သန်း အသုံးပြုမည်ဖြစ် သည်။ အသုံးစရိတ်များတွင်ဂြိုဟ် တုနှစ်လုံးတည်ဆောက်မှု ကုန်ကျ စရိတ်၊ စမ်းသပ်ခန်းတည်ဆောက် မှုကုန်ကျစရိတ်၊ ပညာတော်သင် များအတွက် ကုန်ကျစရိတ်နှင့် ထိန်းချုပ်ရေးစခန်းတည်ဆောက် ခြင်းကုန်ကျစရိတ်တို့ ပါဝင်သည်။

ဒါ့အပြင် နောက်ထပ် အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS – 2 ကိုလောကနတ်-၁ (MMSATS – 1) ရဲ့ ၅နှစ် သက်တမ်းမကုန်ခင် ၂၀၂၃ ခုနှစ် စက်တင်ဘာ တွင် လွှတ်တင်ရန် အစိုးရက စီ စဉ်ထားသည်။ကဲ! အာကာသထဲ တာဝန်ထမ်းဆောင်တော့မဲ့ လောကနတ်-၁ ကို စောင့်ကြည့်ရင်း ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ DailyInfo မှ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ့။

နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင် တော့ https://www.facebook.com/dailyinfomm 

Facebook Page သို့လာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published.