fbpx

လှိုင်မြို့နယ်တွင် လူအယောက် ၁၀၀ အဖမ်းခံရ

လှိုင်မြို့နယ်( ၁၃) ရပ်ကွက်အတွင်း ယမန့်နေ့ညက ဧည့်စာရင်း စစ်ဆေးရာ အမျိူးသား၊ အမျိူးသမီး စုစုပေါင်းအယောက် ၁၀၀ ဝန်းကျင် ဖမ်းခံရ‌ကြောင်း သိရသည်။

အသောကလမ်းနှင့် မဟာဆွေလမ်းရှိ နေအိမ်အများစုကို လိုက်လံ စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး ဧည့်စာရင်းတိုင်ထားသော်လည်း ရက်ကျော်နေသူများကို ဖမ်းဆီး ခေါ်ဆောင်သွားသည်။

“အသောကလမ်း တစ်လမ်းမှာပဲ အယောက်လေးဆယ်ကျော် ဖမ်းဆီးတာခံရ တယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

အဖမ်းဆီးခံရသူများတွင် အမျိူးသမီးအရေအတွက် ပိုများကြောင်း အနီးအနား တွင် နေထိုင်သူများက ပြောသည်။

အမျိုးသမီး ၆၀ကျော်ကို ယနေ့ညတွင်းချင်းပဲပြန်လွှတ်ပေးခဲ့ပြီး အစလူနည်းတုန်းကရဲစခန်းမှာညအိပ်ခိုင်းပြီး လူများလာတော့ မဆန့်တော့လိုပြန်လွှတ်လိုက်တာလိုသိရပါတယ်။ ဖုန်းပါလာတဲ့သူတွေကိုဖုန်းတွေနဲ့မှတ်ပုံတင်တွေကိုသိမ်းထားကာပြန်လွတ်ပေးလိုက်ပြီး မနက်ကျမှ ခံဝန်လက်မှတ်လာထိုးခိုင်းပြီးဖုန်းတွေကိုစစ်ပြီးမှပြန်ပေးမယ်လိုသိရပါတယ်။ အမျိုးသားတွေကိုတော့ အခုထိပြန်လွှတ်ပေးခြင်းမရှိသေးပဲ ဘယ်တော့ပြန်လွှတ်ပေးမလဲဆိုတာကိုတော့ မသိရှိရသေးပါဖူး။

လှိုင်မြို့နယ်တွင် ဧည့်စာရင်းတိုင်ကြားလိုပါက ရပ်ကွက်ရုံးတွင် တိုင်ကြားခွင့်မရ ရှိဘဲ မြိုနယ်ရုံးအထိ သွားရောက်တိုင်ကြား‌‌နေရခြင်း ဖြစ်သည်။ ယင်းမြိုနယ်ရုံး တွင်လည်း ဗုံးပေါက်ကွဲမည်ကို ကြောက်ရွံ‌နေရ၍ အပြင်လူ၀င်ရောက်ခွင့် ပေးမထားကြောင်း သိရသည်။