fbpx

မကြာခဏ အတွေးလွန်ခြင်း၊သံသယများခြင်း ဖြစ်တတ်သူတွေအတွက်ဖြေရှင်းရန် နည်းလမ်းကောင်းများ

Overthinking ဖြစ်တတ်တဲ့တစ်ချို့သူတွေဟာ ပြသနာ အသေးမွှားလေး‌ တွေကအစ အတွေးလွန်ပီး စိုးရိမ်ပူပန်တတ်ကြပါတယ် အဲ့လိုအတွေးလွန်ခြင်းက တစ်ခါတစ်လေ ပတ်၀န်းကျင်မှာရော မိသားစု နဲ့ပါ ပြသနာများ ဖြစ်တတ်ပါတယ်
ဉပမာ ငါလုပ်မိတာမှားသွားလားလို့ ကို့ကိုယ်ကို အတွေးလွန်ပီးအပြစ်တင်ခြင်းက ပြသနာမရှိပေမယ့် သူတစ်ပါးကို အတွေးလွန်ပီး ပြောဆို ဆက်ဆံခြင်း က ကို့ အတွက်ရော သူများအတွက်ပါမကောင်းပါဘူး။ Overthinking များလာတဲ့အခါ စိတ်ဓာတ်ကျရောဂါဖြစ်လာနိုင်ပါတယ် ။ အဲ့ဒါကြောင့် Overthinking မဖြစ်စေရန် ပြုလုပ်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) အရာအားလုံးကို အမြင်ကျယ်စွာကြည့်ပါ

ဘ၀မှာ အသေးအမွှားလေးတွေကို ထပ်တလဲလဲစဉ်းစားမိဖို့က အရမ်းလွယ်ကူပါတယ်။ အဲ့ဒါကြောင့်တစ်စုံတစ်ခုကို စဉ်းစားမိတဲ့အခါ စဉ်းစားမိတဲ့ အရာတွေကို ခြုံငုံကြည့်ပီး စဉ်စားပါ ပီးရင် ကိုယ်ဘာသာပြန်မေးပါ။ “ဒီပြသနာက ငါ့အတွက် ၅နှစ် ကြာမှလား ဒါမှမဟုတ် ၅ရက်အတွင်းပျောက်သွားမှာလား ဒါကိုစဉ်းစား‌ဖို့‌ ရောငါ့အတွက်အရေးပါလား”
အဲ့လို အမြင်ကျယ်စွာကြည့်လိုက်ခြင်းဖြင့် ပြသနာရဲ့ ရှုထောင့်ဟာ အမြင်ကျယ်သွားပီး အတွေးလွန်ခြင်းကို ပျောက်စေတဲ့အပြင် အခြားအရေးပါသောတစ်ခုခုအပေါ် အာရုံစိုက်စေနိုင်မှာပါ။

(၂) ဆုံးဖြတ်ချက်များအတွက် အချိန်တစ်ခုသတ်မှတ်ပါ

အချိန်တိုတစ်ခု မသတ်မှတ်ပဲဆုံးဖြတ်ချက် မြန်မြန်ချမိလျှင် စဉ်းစားလိုက်တဲ့ အတွေးဟာဒီနားမှာပဲ ယောင်လည်လည်ဖြစ်ပီး ဆုံးဖြတ်ချက်မှားတတ်ပါတယ်။ ‌အချိန်တစ်ခုသတ်မှတ်မှသာ ကိစ အားလုံးကိုရှုထောင့်ပေါင်းစုံ ကကြည့်ပီး ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်
ဒီအချက်မှာ နေ့စဉ်ဘ၀အတွက်လည်း အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပီး ပြသနာ ကြီးကြီးငယ်ငယ် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်

(၃) နေ့ရက်တိုင်း စိတ်ဖိစီးမှုနဲ့ ‌အတွေးလွန်ခြင်းများ မဖြစ်အောင်နေပါ

ကျတော်တို့ဟာ အမြဲတမ်းတော့ စိတ်ဖိစီးတဲ့ နေ့တွေကနေ မကျော်လွှားနိုင်ပါဘူး ဒါမယ့် နေ့တစ်နေ့ကို ကောင်းမွန်စွာဖြတ်သန်းပီး မလိုအပ်‌သောစိတ်ဖိစီးမှူများ အလွန်မင်းမစဉ်းစားဘဲနေရင် အတွေးလွန်ခြင်း(Overthinking) ဖြစ်မူလျော့ချသွားလို့ ရပါတယ်

(၄) အားကစားလုပ်ပါ

ဒါကတော့ရိုးရှင်းပါတယ် အားကစားလုပ်ခြင်းက စိုးရိမ်မှူ စိတ်ဖိစီးမှူတွေကို ပျောက်သွားအောင် ကူညီပေးပါတယ်

(၅) ကောင်းမွန်စွာ အိပ်စက်ပါ

ဒါကတော့ ရှောင်လွှဲလို့ မရတဲ့အချက်ပါပဲ ကောင်းမွန်စွာအိပ်စက်ခြင်းက positive အတွေးများဖြစ်ပေါ်စေပီး negative အတွေးများကို လျော့ချပေးပါတယ် ၊ အိပ်ရေးမ၀ခြင်းက negative အတွေးတွေကို ထပ်ခါထပ်ခါတွေးခြင်း ၊ ဆုံးဖြတ်ချက်ဝေဝါးခြင်းတို့ ဖြစ်စေပါတယ်

ဒါကြောင့် အတွေးလွန်ခြင်း(Overthinking) သံသရာများခြင်း ကိုလျော့ချရန် ဒီအချက်တွေကို အသုံးချပြီး ပျော်ရွှင်ကျန်းမာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်